စင်ကာပူ ရေအောက်ကမ္ဘာ(UWS)က အကြီးတန်း ရေငုပ်သမား တယောက်ဟာ ငါးလိပ်ကျောက် မျိုးစိတ်ဝင် ငါးလက်ထုံ ငါးရဲ့ ဆူးနဲ့ ရင်ဝကို ထိုးမိအပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က သေဆုံးသွားပါတယ်။
အသက် ၆၂ နှစ်အရွယ် ဖိလစ်ချန်းဟာ ရေသတ္တဝါတွေကို ပြတိုက်အသစ်ဆီ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေချိန်မှာ ရင်ဘတ်ကို ဆူးနဲ့ ထိုးမိလို့ ဒဏ်ရာရခဲ့တယ်လို့ ဟော်ပါ ကော်ပိုရေးရှင်းက အောက်တိုဘာ ၅ ရက်နေ့က အတည်ပြုခဲ့ပါတယ်။
သူဟာ စင်ကာပူ အထွေထွေဆေးရုံကို ရောက်အပြီး နာရီပိုင်းအတွင်း ဒဏ်ရာကြောင့် သေဆုံးတယ်လို့ ကြေညာချက်က ဆိုပါတယ်။
စင်ကာပူ အရပ်ဘက်ကာကွယ်ရေးတပ်(အက်စ်စီဒီအက်ဖ်)က လူနာတင်ယာဉ်ကို အောက်တိုဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က လွှတ်ပေးခဲ့တာပါ။
အဲဒီနောက် နှလုံးနဲ့ အဆုတ် ကုသဆောင်ကို မရောက်ခင် ဆေးဘက်ဝန်ထမ်းတွေက ပြုစုခဲ့တယ်လို့ အက်စ်စီဒီအက်ဖ်က ပြောပါတယ်။
ဖိလစ်ချန်းဟာ ရေအောက်ကမ္ဘာက ရေသတ္တဝါတွေကို စောင့်ရှောက်တဲ့ ဝန်ထမ်း ၁၀ ယောက်ထဲက တယောက်ပါ။
ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေကို ကူညီနေပြီး UWS က ရေသတ္တဝါ ရွှေ့ပြောင်းရေး အစီအစဉ်ကို ရပ်ဆိုင်းထားတယ်လို့ ဟောင်ပါ ကော်ပိုရေးရှင်းက ပြောပါတယ်။
4 years Ago