စင်ကာပူ မက်ဒေါနာဖျော်ဖြေပွဲ အသက် ၁၈ နှစ်မပြည့်သူများ ကြည့်ခွင့်မပြု

January 10, 2016

စင်ကာပူ မက်ဒေါနာဖျော်ဖြေပွဲ အသက် ၁၈ နှစ်မပြည့်သူများ ကြည့်ခွင့်မပြု

စင်ကာပူနိုင်ငံမှာ နာမည်ကျော် ပေါ့ပ်အဆိုတော် မက်ဒေါနားရဲ့ နယ်လှည့်ဖျော် ဖြေပွဲတခုဖြစ်တဲ့ Global Rebel Heart Tour ကို ကျင်းပသွားမှာဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေးသူများကို ကြည့်ခွင့်ပြုမှာမဟုတ်ဘူးလို့ ပွဲစီစဉ်သူတွေက ဇန်န၀ါရီလ ၆ ရက်နေ့မှာ ပြောပါတယ်။ အဲဒီဖျော်ဖြေပွဲကို ပရိသတ် ၅ သောင်းခွဲဆံ့တဲ့ စင်ကာပူ အမျိုးသားအားကစား ကွင်းမှာ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တရက်တည်းသာ ဖျော်ဖြေသွားမယ်လို့ စင်ကာပူနိုင်ငံအခြေစိုက် မီဒီယာကော့ပ်ဘစ်ဇ်ပရိုက ဆိုပါတယ်။ “ဒီဖျော်ဖြေပွဲကို လိင်ပိုင်းဆိုင်ရာဝတ်စားဆင်ယင်မှုတွေပါဝင်တဲ့အတွက် အာရ်-၁၈ အဆင့်သတ်မှတ်ထားတာပါ။ ဒါကြောင့် အသက် ၁၈ နှစ်ပြည့်မှသာ ခန်းမထဲဝင်ခွင့် ပြုမှာပါ”လို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ စင်ကာပူနိုင်ငံမှာ ခုလိုဖျော်ဖြေပွဲတွေနဲ့ တခြားသော ပြည်သူဖျော်ဖြေရေးလုပ်ငန်း တွေကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်တွေက အမျိုးအစားခွဲခြားသတ်မှတ်တာ ဖြစ်ပြီး ရုပ်ရှင်နဲ့ ရုပ်သံလွှင့်စက်မှုလက်မှုလုပ်ငန်းတွေကိုလည်း ခုလိုပဲ လည်ပတ်နေတာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သည်စထရိတ်တိုင်းမ်သတင်းစာရဲ့အဆိုအရ မက်ဒေါနားရဲ့ နယ်လှည့်ဖျော်ဖြေပွဲ တွေမှာ မလုံ့တလုံဝတ်စားဆင်ယင်ထားတဲ့ အကသမားတွေဟာ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်တယ်လို့ ပြောပါတယ်။ စင်ကာပူနိုင်ငံဟာ ရိုးရာယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းတွေကြောင့် ခုလိုဖျော်ဖြေမှု တွေကို တားမြစ်ထားခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ အာရှဖျော်ဖြေရေးဗဟိုချက်မဆီ ရောက်လာခဲ့ကာ နိုင်ငံသားအများစုဟာ ရှေးရိုးစွဲသမားတွေဖြစ်တယ်လို့ အာဏာပိုင် တွေက ဆိုပါတယ်။
6 years Ago
Up