စင်ကာပူ တန်းပနိရှိ စီကေ အဆောက်အဦကြီး မီးလောင် (ရုပ်သံ)

A d v e r t i s e m e n t With Us

August 17, 2016

စင်ကာပူ တန်းပနိရှိ စီကေ အဆောက်အဦကြီး မီးလောင် (ရုပ်သံ)

စင်ကာပူနိုင်ငံ တန်းပနိမှာရှိတဲ့ စီကေအဆောက်အဦကြီး သြဂုတ် ၁၇ ရက်က မီးလောင်ကျွမ်းနေတာကို မီးသတ်သမားတွေက မီးငြှိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒေသစံတော်ချိန် နေလယ် ၁ နာရီခွဲလောက်မှာ လောင်ကျွမ်းခဲ့တာလို့ စင်ကာပူ ချာနယ်နယူးအေးရှား သတင်းက ရေးပါတယ်။ မီးကြောင့် လူအသေအပျောက်မရှိသလို မီးက အဆောက်အဦရဲ့တတိယနဲ့ စတုတ္ထထပ်ကို လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ပဉ္စမထပ်အထိ မီးက ကူးစက်သွားတယ်လို့ ဆိုပါတယ်။ အိမ်သုံးပစ္စည်းတွေ၊ စာရွက်စာတမ်းတွေကြောင့် မီးက ပိုမိုအားကောင်းတာလည်း ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုထဲမှာတော့ မီးတောက်နဲ့ မီးခိုးတွေကို တော်တော်လှမ်းလှမ်းကနေ တွေ့မြင်နေတယ်လို့ ဆိုပါတယ်။ နေ့လယ် ၂ နာရီ ၅၀ လောက်မှာတော့ အဆောက်အဦကနေ ပေါက်ကွဲသံတချို့ကို ကြားခဲ့ရတယ်လို့ အနီးအနားမှာ နေထိုင်သူတွေကို ကိုးကားပြီး သတင်းမှာရေးပါတယ်။ ညနေ ၄ နာရီလောက်မှာ အဆောက်အဦကနေ မီးခိုးတွေထွက်လာတာ နည်းပါးသွားတယ်လို့ ဆိုပါတယ်။
5 years Ago
Up