စင်ကာပူနှင့်မလေးရှား

May 19, 2018

စင်ကာပူနှင့်မလေးရှား ၀န်ကြီးချုပ်တို့ တွေ့ဆုံ

စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်းဟာ မလေးရှား ဝန်ကြီးချုပ်သစ် မဟာသီယာ မိုဟာမက်နဲ့ မေ ၁၉ ရက်နေ့က တွေ့ဆုံပါတယ်။ နိုင်ငံတော် ခရီးစဉ်မဟုတ်တဲ့ အလုပ်သဘောခရီးစဉ်အတွင်း ခုလို တွေ့ဆုံတာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံတန် မလေးရှားနဲ့ စင်ကာပူကြား စင်ကာပူအစိုးရက ဖောက်လုပ်မယ့် မြန်နှုန်းမြင့် မီးရထားစီမံကိန်းဟာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇစ်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဆိုင်းငံ့နေခဲ့တာပါ။ ဘယ်သူက ဒီစီမံကိန်းကို တင်ဒါရမလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ မဟာသီယာရဲ့ ပြိုင်ဘက်ဟောင်း လီကွမ်ယုရဲ့ သားဖြစ်သူ လီရှင်လွန်းကတော့ အိမ်နီးချင်း ၂ နိုင်ငံကြား ဘုံအကျိုးစီးပွားအတွက် မလေးရှားအစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
4 years Ago
Up