စင်ကာပူနိုင်ငံသားလူနာကို ထိုးနှက်ခဲ့သည့် မြန်မာသူနာပြု ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ

A d v e r t i s e m e n t With Us

April 19, 2016

စင်ကာပူနိုင်ငံသားလူနာကို ထိုးနှက်ခဲ့သည့် မြန်မာသူနာပြု ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ

စင်ကာပူနိုင်ငံသား စိတ်ရောဂါသည်နာတာရှည်လူနာတဦးကို ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ မြန်မာအမျိုးသားသူနာပြုတဦးကို မနေ့က စင်ကာပူတရားရုံးက ထောင်ဒဏ် ၁ နှစ်ချ မှတ်လိုက်ပါ တယ်။ ဒါဟာ မနှစ်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာဖြစ်ခဲ့တာဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် မြန်မာသူနာပြုအမျိုးသား အောင်ဖြိုးသူက နာတာရှည်စိတ်ရောဂါသည် အမျိုးသားလူနာကို အကြိမ်ပေါင်းများစွာ ထိုးနှက်တိုက်ခိုက်ခဲ့တယ်လို့ ၀န်ခံထွက်ဆိုခဲ့တာပါ။ သူထိုးနှက်တိုက်ခိုက်ခဲ့တဲ့လူနာဟာ စိတ်ကစဥ့်ကလျားရောဂါခံစားနေရတဲ့ အ သက် ၅၆ နှစ်အရွယ် ကုန်အာဟိုးအမည်ရအမျိုးသားတဦးဖြစ်ပြီး စိတ်ကျန်းမာရေးသိပ္ပံ (အိုင်အမ်အပ်ခ်ျ) ဆေးရုံမှာ တက်ရောက်နေသူတဦးဖြစ်ပါတယ်။ ဆေးရုံညဘက်တာဝန်ကျချိန်မှာ သူဟာ လူနာရဲ့ ကျောဘက်၊ ဦးခေါင်း၊ ရင်ဘတ်နဲ့ ခြေထောက်တွေကို ထိုးနှက်ကန်ကျောက်ခဲ့တာဖြစ်ပြီး နံရိုး ၂ ချောင်းကျိုးသွားခဲ့ကာ အတွင်းပိုင်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာ လူနာဟာ  သောင်းကျန်းခဲ့တာကို ဒေါသထွက်ပြီး ခုလိုထိုးနှက်ခဲ့တာလို့ ဆိုပါတယ်။ သူဟာ လူနာရဲ့ ကျောဘက်ကိုထိုးခဲ့ပြီးနောက်မှာ မျက်နှာကိုစောင်နဲ့အုပ်ပြီး အကြိမ်ပေါင်းများစွာ ထိုးနှက်ခဲ့တာပါ။ အဲဒီနောက် သူကမကျေနပ်နိုင်သေးပဲ ခြေထောက် တွေကို ကန်ကျောက်ခဲ့ကာ ဦးခေါင်းကို ၃ ကြိမ်ထိုးခဲ့ကာ ဘယ်ဘက်နံရိုးနေရာကို ၁၀ ကြိမ်လောက် ထိုးနှက်ခဲ့တာပါ။ ဒုတိယအစိုးရရှေ့နေချုပ် မာဟန်ဖန်က လူနာဟာ သူ့ကိုပြန်ပြီးတိုက်ခိုက်တာတွေ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ ဆေးရုံတာဝန်ကျ ကြီးကြပ်ရေးမှူးက လူနာရဲ့ ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ချိန်မှာ သူက လူနာဟာ ကိုယ်တိုင်ဒဏ်ခတ်တိုက်ခိုက်မှုကြောင့် ခုလိုဖြစ်ရတာလို့ လိမ်လည်အစီရင်ခံ ခဲ့တာပါ။ ကျင့်ဝတ်ကို ချိုးဖောက်ပြီး ခုလိုပြုမူခဲ့တဲ့အတွက် အနည်းဆုံးထောင်ဒဏ် ၁၂ လ ကျခံရမှာ ဖြစ်ပြီး သူနာပြုလိုင်စင်သိမ်းခံရမယ်လို့ သည်စထရိတ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up