စင်ကာပူမြေအောက်ရထား

A d v e r t i s e m e n t With Us

August 16, 2016

စင်ကာပူ မြေအောက်ရထားဘူတာရုံတွင် မီးခိုးများအူထွက်၊ ခရီးသည်များ ထွက်ပြေး (ရုပ်သံ)

စင်ကာပူနိုင်ငံ အလယ်ပိုင်းက မြေအောက်ရထား ဘူတာရုံမှာ မီးခိုးတွေ အူထွက်နေတာကို ရိုက်ကူးထားတဲ့ အပျော်တမ်းရုပ်သံတွေ အင်တာနက်ပေါ် တက်လာပါတယ်။ ရထားရဲ့ အအေးပေးစနစ်ကနေ ဓာတ်ငွေ့ယိုစိမ့်ခဲ့တာလို့ ရထားလုပ်ငန်း လည်ပတ်သူ SMRT လုပ်ငန်းက ပြောပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ဒဏ်ရာရသူ မရှိဘူးလို့ ရဲက ပြောပါတယ်။ လူမှုကွန်ရက်ပေါ် တင်လာတဲ့ အပျော်တမ်း ရုပ်သံထဲမှာ တန်ဂျုံပါဂါဘူတာမှာ ရထားထဲကနေ ခရီးသည်တွေ ပြေးထွက်လာပုံကို ပြထားပါတယ်။ မီးခိုးရောင် ဓာတ်ငွေ့တွေကြောင့် ခရီးသည်တွေ သူတို့ကိုယ်သူတို့ နှာခေါင်းကို ကာကွယ်ထားတာလည်း တွေ့ရပါတယ်။ ဓာတ်ငွေ့တွေကြောင့် အချက်ပေး တပ်လှန့်သံလည်း ထွက်ခဲ့ပါတယ်။ စင်ကာပူကို တိုက်ခိုက်ဖို့ အကွက်ချမှုအတွက် သံသယရှိသူ ၆ ဦးကို သြဂုတ် ၅ ရက်နေ့က အင်ဒိုနီးရှားရဲတွေ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ခုလို ဖြစ်ရပ်ကြောင့် ကြောက်လန့်ခဲ့ကြတာပါ။ SMRT ရထားလုပ်ငန်းက ဈေးကွက်နဲ့ ဆက်ဆံရေး အကြီးအကဲ မာဂရက် တေအိုက ဒီဖြစ်ရပ်ကြောင့် ရထားဝန်ဆောင်မှုကို မသက်ရောက်ခဲ့ဘူးလို့ ပြောပါတယ်။ ခရီးသည်တွေ ရထားထဲကထွက်ဖို့ တံခါးတွေကို ဖွင့်ပေးခဲ့တယ်၊ ဓာတ်ငွေ့တွေကြောင့် ဥမင်ထဲမှာ၊ ဘူတာရှိတဲ့ အစိတ်အပိုင်းတွေမှာ မြင်နိုင်စွမ်း ကျဆင်းခဲ့တယ်၊ ဝန်ထမ်းတွေက ဥမင်ရဲ့ လေဝင်လေထွက်စနစ်ကို ချက်ချင်းဖွင့်ပေးခဲ့ပြီး အနံ့မရှိတဲ့ ဓာတ်ငွေ့တွေ ပြယ်အောင် လုပ်ခဲ့တယ်လို့ အီးမေးလ်ကတဆင့် ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
5 years Ago
Up