စင်ကာပူလေကြောင်းလိုင်း ကမ္ဘာ့အကောင်းဆုံးအဆင့် ၂ နေရာရရှိ

June 21, 2015

စင်ကာပူလေကြောင်းလိုင်း ကမ္ဘာ့အကောင်းဆုံးအဆင့် ၂ နေရာရရှိ

စင်ကာပူလေကြောင်းလိုင်း (SIA) ဟာ ကမ္ဘာ့ဒုတိယ အကောင်းဆုံးလေကြောင်းလိုင်း အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ Paris Airshow က ဇွန်လ ၁၆ ရက်နေ့က အဆင့်သတ်မှတ်တာဖြစ်ပြီး ဆုကိုတော့ သုံးသပ်ချက်နဲ့ အကြံပေးဆိုင်ရာဝက်ဘ်ဆိုဒ် Skytrax က ချီးမြှင့်ခဲ့တာပါ။ ဒီနှစ်အတွက် စင်ကာပူအမျိုးသားလေကြောင်းလိုင်းဟာ မနှစ်ကထက် တဆင့်ပိုမိုတက် လာခဲ့ပြီး မနှစ်က ဒုတိယနေရာရရှိထားတဲ့ ကာသေ့ပစိဖစ်လေကြောင်းလိုင်း ကို ကျော်လွန်ပြီး ရောက်လာတာပါ။ ကမ္ဘာ့အဆင့်တစ် အကောင်းဆုံးနေရာကိုတော့ ကာတာလေကြောင်းလိုင်းက ရခဲ့တယ်လို့ Channel news Asia သတင်းမှာ ဖော်ပြပါတယ်။ စင်ကာပူလေကြောင်းလိုင်း (SIA) ဟာ တခြားဆုတွေဖြစ်တဲ့ အကောင်းဆုံး တန်ဖိုးနည်း လေကြောင်းလိုင်းအဖြစ်လည်း မဲပေးသတ်မှတ်တာ ခံရပါတယ်။ ဒါ့အပြင် စင်ကာပူလေကြောင်းလိုင်းဟာ ကမ္ဘာ့ အသန့်ရှင်းဆုံးလေကြောင်းလိုင်းဆုမှာ လည်း အီဗာလေကြောင်းလိုင်းနောက်က ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ လေကြောင်း လိုင်းဝန်ထမ်းအကောင်းဆုံးဆုမှာတော့ ဂရူဒါအင်ဒိုနီးရှား လေကြောင်းလိုင်းနဲ့ ကာသေ့ပစိဖိတ် လေကြောင်းလိုင်းတွေနောက် တတိယနေရာမှာ ရပ်တည်ပါတယ်။ Syntrax ရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း (၁၀)အဖြစ် ရပ်တည်နေတာကတော့ ကာတာလေကြောင်းလိုင်း၊ စင်ကာပူလေကြောင်းလိုင်း၊ ကာသေ့ပစိဖစ်လေကြောင်းလိုင်း၊ တူရကီလေကြောင်းလိုင်း၊ အမ်းမရိတ်၊ အက်တီးဟက်ဒ်လေကြောင်းလိုင်း၊ အေအဲန်အေ အောလ်နီပွန်လေကြောင်းလိုင်း၊ ဂရူဒါအင်ဒိုနီးရှား၊ အီဗာလေကြောင်းလိုင်းနဲ့ ကွမ်းတပ်စ်လေကြောင်းလိုင်းတွေပဲဖြစ်ပါတယ်။
6 years Ago
Up