စင်ကာပူရေတပ် စစ်ရေယာဉ် ၂ စီး ချစ်ကြည်ရေးခရီး လာရောက်

A d v e r t i s e m e n t With Us

July 4, 2019

စင်ကာပူရေတပ် စစ်ရေယာဉ် ၂ စီး ချစ်ကြည်ရေးခရီး လာရောက်

စင်ကာပူရေတပ်က  စစ်ရေယာဉ် RSS VALOUR နဲ့ RSS  VALIANT တို့ဟာ ချစ်ကြည်ရေး ခရီးအဖြစ် ရန်ကုန်မြို့၊ သီလ၀ါ ဆိပ်ကမ်း  MITT တံတားကို ဇူလိုင် ၃ ရက်နေ့က ရောက်ရှိလာပါတယ်။  အဲဒီစစ်ရေယာဉ်တွေမှာ အရာရှိ၊ စစ်သည် စုစုပေါင်း အယောက် ၁၄၀  လိုက်ပါလာ တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။  ခရီးစဉ်ဟာ  ဇူလိုင် ၅ ရက်အထိ သုံးရက်ကြာ နေထိုင်လေ့လာ လည်ပတ်သွားမှာဖြစ်ပြီး နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ 
2 years Ago
Up