စင်ကာပူ နေရှင်နယ် ယူနီဗာစတီက ကျောင်းသားတွေဟာ လူတယောက်စီး လေယာဉ်ကို တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။
မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ထူးထူးဆန်းဆန်း ဒီစိတ်ကူးကို အကောင်အထည်ဖော်နေတဲ့ အင်ဂျင်နီယာ ကျောင်းသားအဖွဲ့မှာ ၈ ယောက် ပါဝင်ပါတယ်။
သူတို့အဖွဲ့ဟာ တယောက်စီး လေယာဉ်ကို တီထွင်ဖို့ တနှစ် အချိန်ယူခဲ့ပြီး 'Snowstorm.' နှင်းမုန်တိုင်းလို့ နာမည်ပေးထားပါတယ်။
စင်ကာပူ ဥပဒေအရ ဒီလို စမ်းသပ်မှုတွေကို အဆောက်အဦတွင်းမှာပဲ ပြုလုပ်ခွင့် ရှိပါတယ်။
'Snowstorm' ကို တီထွင်ဖို့ စတင်စိတ်ကူးခဲ့တဲ့ အင်ဂျင်နီယာ ကျောင်းသား Joerg Weigl က လူတယောက်ချင်းစီကို အတောင်တပ်ပေးချင်တာက သူ့စေတနာပါလို့ ဆိုပါတယ်။
'Snowstorm' လေယာဉ်ကို လိုက်ပါစီးနင်းသူက ထိန်းကြောင်းနိုင်သလိုပဲ၊ အဝေးထိန်း စနစ်နဲ့လည်း ထိန်းနိုင်ပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တဲ့ စနစ်ကို အသုံးပြုထားပြီး လီသီယံ ဘက်ထရီ သုံးလုံးဟာ နေရောင်ခြည် စွမ်းအင်ကနေ အားပြန်ပြည့်နိုင်တယ်ဆိုပါတယ်။
လေယာဉ်ဟာ အလေးချိန် ကီလို ၇၀၊ ( ၁၅၄) ပေါင်ကို တင်ဆောင်ပြီး ၅ မိနစ်ကြာ ဘေးကင်းစွာ ပျံသန်းနိုင်ပါတယ်။
အင်ဂျင်နီယာ ကျောင်းသားလေးတွေကတော့ သူတို့တီထွင်ထားတဲ့ လေယာဉ်ဟာ ခရီးသည်နဲ့ကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့ထက် လူတယောက်ချင်းစီ စိတ်အပန်းဖြေ အပျော်စီးနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
7 years Ago