စင်ကာပူအမျိုးသားတက္ကသိုလ်

A d v e r t i s e m e n t With Us

September 25, 2015

ပြည်သူ စားဝတ်နေရေး အဆင်မပြေဘဲ နိုင်ငံပြုပြင်ပြောင်းလဲမှု မအောင်မြင်နိုင်ဟု ဦးရွှေမန်း ပြော

ပြည်သူများ စားဝတ်နေရေး အဆင်ပြေအောင် လုပ်မပေးနိုင်ဘဲ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်လို့ မအောင်မြင်နိုင်ကြောင်း လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ စက်တင်ဘာ ၂၄ ရက်က နေပြည်တော်လွှတ်တော်မှာ စင်ကာပူ အမျိုးသားတက္ကသိုလ် (National University of Singapore - NUS) က စီးပွားရေးစီမံခန့်ခွဲမှုမဟာတန်း (MBA) ကျောင်းသားကျောင်းသူများနဲ့ တွေ့ဆုံဆွေးနွေးရင်း သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ “မိမိ၏အမြင်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ကာ ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေအောင် ဆောင်ရွက်နိုင်မှုမရှိဘဲ အောင်မြင်နိုင်မည် မဟုတ်ပါကြောင်း။” စင်ကာပူကျောင်းသားတွေက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံလိုတယ်၊ ငွေကြေးကဏ္ဍ တည်ငြိမ်အောင် လုပ်ပေးပါလို့ တောင်းဆိုခဲ့ကြပါတယ်။ သူရဦးရွှေမန်းက အခု သူနဲ့လာတွေ့တဲ့ လူငယ်တွေဟာ တချိန်ချိန်မှာ နိုင်ငံ့ခေါင်းဆောင်တွေ အဖွဲ့အစည်းခေါင်းဆောင်တွေ ဖြစ်လာကြလိမ့်မယ်လို့ သူ ယုံကြည်တယ်၊ အဲ့ဒီအချိန်ကျ သူ့ကို မမေ့ကြပါနဲ့လို့ ပြန်ဆွေးနွေးခဲ့ကြောင်း သူ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဦးရွှေမန်းနဲ့ တွေ့ခဲ့ကြတဲ့ MBA ကျောင်းသားများဟာ စင်ကာပူ၊ ထိုင်ဝမ်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ ပြင်သစ်၊ ကနေဒါ၊ မက္ကဆီကို စတဲ့ နိုင်ငံတွေက ဖြစ်ပါတယ်။
5 years Ago
Up