ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲ မီတာ ၁၀၀ လိပ်ပြာရေကူးပြိုင်ပွဲမှာ စင်ကာပူက လူငယ်ရေကူးသမား ဂျိုးဇက် စကိုးလင်းက အမေရိကန်က နာမည်ကြီးရေကူးချံပီယံ မိုက်ကယ်ဖဲ့လ်စ်ကို အနိုင်ရပြီး နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ရယူပေးသွားပါတယ်။
အသက်၂၁ နှစ်အရွယ် စင်ကာပူရေကူးသမား ဂျိုးဇက်ဟာ အိုလံပစ်စံချိန် ၅၀ဒသမ ၃၉ စကန့်နဲ့ အနိုင်ရဗိုလ်စွဲသွားတာဖြစ်ပြီး အိုလံပစ်ရွှေတံဆိပ် ၂၂ ဆုရှင် မိုက်ကယ်ဖဲ့လ်စ်ကတော့ စံချိန် ၅၁ ဒသမ ၁၄ နဲ့ ဒုတိယငွေတံဆိပ်ရှိသွားပါတယ်။
ဂျိုးဇက်ဟာ မိုက်ကယ်ဖဲ့လ်စ်ကို ငယ်စဉ်ကလေးဘ၀ကတည်းက လေးစားအားကျခဲ့သူဖြစ်ပြီး ၂၀၀၈ ဘေဂျင်းအိုလံပစ်ပွဲ မတိုင်ခင်က မိုက်ကယ်ဖဲ့လ်စ်နဲ့ စင်ကာပူမှာ တွေ့ဆုံခဲ့ဖူးပါတယ်။
5 years Ago