စင်ကာပူတွင် လူ ၄၁ ဦး၌ ဇီကာဗိုင်းရပ်စ် တွေ့ရှိ၊ တိုက်ဖျက်ရေး အရှိန်မြင့်လုပ်ဆောင်

A d v e r t i s e m e n t With Us

August 29, 2016

စင်ကာပူတွင် လူ ၄၁ ဦး၌ ဇီကာဗိုင်းရပ်စ် တွေ့ရှိ၊ တိုက်ဖျက်ရေး အရှိန်မြှင့်လုပ်ဆောင်

စင်ကာပူနိုင်ငံမှာ ဇီကာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄၁ ဦးကို တွေ့ရှိပြီးနောက် ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။ ကူးစက်ခံထားရတဲ့ သူတွေနဲ့ ဆက်စပ်နေတဲ့သူတွေကိုလည်း သေချာ စစ်ဆေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၉  ရက်က ထုတ်ပြန်ပါတယ်။ ၄၁ ယောက်ထဲက ၃၄ ယောက်က ပြန်လည်သက်သာလာပြီ ဖြစ်သလို နိုင်ငံခြား ဆောက်လုပ်ရေး လုပ်သားတွေက အများဆုံး ကူးစက်ခံရတယ်လို့လည်း ဆိုပါတယ်။ အမျိုးသားပတ်ဝန်းကျင် အေဂျင်စီကတော့ ဇီကာရောဂါ ဖြစ်ပွားစေတဲ့ အေဒီးခြင်တွေကို ထိန်းချုပ် နှိမ်နင်းတာတွေကို အရာရှိ ၂၀၀ နဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ စင်ကာပူမှာ ဇီကာ ကူးစက်မှုဟာ အာရှနိုင်ငံ အထူးသဖြင့် အင်ဒိုနီးရှား ထိုင်း ဗီယက်နမ် စတဲ့ အာရှနိုင်ငံတွေကို သတိပေးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဇီကာ ကူးစက်ခံရရင်တော့ ဦးခေါင်းအရွယ်အစား ငယ်တဲ့ သန္ဓေသားတွေ မွေးဖွားနိုင်ပါတယ်။
4 years Ago
Up