စင်ကာပူတွင် တရုတ်နိုင်ငံသား ၂၁ ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရ

A d v e r t i s e m e n t With Us

September 2, 2016

စင်ကာပူတွင် တရုတ်နိုင်ငံသား ၂၁ ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရ

စင်ကာပူနိုင်ငံမှာ တရုတ်နိုင်ငံသား ၂၁ ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက စင်ကာပူမှာရှိတဲ့ တရုတ်သံရုံးကို အကြောင်းကြားခဲ့ပါတယ်။ ကျန်းမာရေး အခြေအနေက အသည်းအသန် အခြေအနေမဟုတ်ဘဲ တချို့ နေပြန်ကောင်းလာပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချွန်းယဉ်က  စက်တင်ဘာ ၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ အမေရိကနဲ့ ကယ်ရစ်ဘီယံ ပင်လယ်ကွေ့တလွှား မနှစ်က စတင် ပျံ့နှံ့ခဲ့တာပါ။ ယေဘုယျအားဖြင့် အားပျော့တဲ့ ဗိုင်းရပ်စ်ဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်တွေ ကူးစက်ခံရရင် သန္ဓေသား ဦးနှောက်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် ခေါင်းသေးပြီး ဦးနှောက်မဖွံ့ဖြိုးတဲ့ ကလေးတွေ မွေးဖွားမှု နဲ့ ဆက်စပ်နေပါတယ်။ စင်ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ စက်တင်ဘာ ၁ ရက်အထိ အယောက် ၁၅၀ ထိ မြင့်တက်သွားပါပြီ။ မလေးရှား ၅ ယောက်၊ အိန္ဒိယ ၁၃ယောက်၊ ဘင်္ဂလားဒေ့ရှ် ၆ ယောက်နဲ့ အင်ဒိုနီးရှား နိုင်ငံသား ၁ ယောက်တို့လည်း စင်ကာပူနိုင်ငံတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ နိုင်ငံခြားရေး အရာရှိတွေက ပြောပါတယ်။ တရုတ်အစိုးရ ကူးစက်မှု ထိန်းချုပ်မှုနဲ့ အရည်အသွေးကြီးကြပ်ရေးဌာနက ခရီးသွားသူတွေကို ကျန်းမာရေး စစ်ဆေးမှုလုပ်နေပြီး စင်ကာပူက ရောက်လာတဲ့ သင်္ဘော တင်ပို့မှုတွေကို စစ်ဆေးသွားမယ်လို့ ပြောခဲ့ပါတယ်။
5 years Ago
Up