စင်ကာပူဆီးဂိမ်း မြန်မာ ရွှေ ၅၀ နှင့် နိုင်ငံအလိုက် အဆင့် ၅ မျှော်မှန်း

June 14, 2015

မြန်မာ-ထိုင်း ယူ ၂၃ ဗိုလ်လုပွဲ သုံးသပ်ချက်

ဒေသတွင်း အင်အားကြီး နာမည်ကြီး ထိုင်းဘောလုံးအသင်းနဲ့ မြန်မာယူ၂၃အသင်းတို့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန် ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ ထိုင်းအသင်းဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အတိုင်း ဗိုလ်လုပွဲကို တက်ရောက်လာတဲ့ အသင်းဖြစ်ပြီး မြန်မာအသင်းကတော့ ပြိုင်ပွဲကျမှ ရေပန်းစားပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ထိုင်းအသင်းဟာ သူ့အုပ်စုမှာ ပွဲတိုင်းကို အနိုင်ကစားနိုင်ခဲ့သလို အဓိကပြိုင်ဘက်ဖြစ်တဲ့ ဗီယက်နမ်အသင်းကို ၃-၁ ဂိုးနဲ့ သက်တောင့်သက်သာကစားပြီး ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။ တခါ ဆီမီးဖိုင်နယ်မှာလည်း အင်ဒိုနီးရှားအသင်းကို ၅ ဂိုးပြတ်နဲ့ သာသာလေး အနိုင်ယူကျော်ဖြတ်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ ဗိုလ်လုမယ့် မြန်မာအသင်းကတော့ ပြိုင်ပွဲမတိုင်မီ ပရိသတ်စိတ်ဝင်စားမှု သိပ်မရှိခဲ့ပေမယ့် အဖွင့်ပွဲမှာ အင်ဒိုနီးရှားကို ၄-၂ ဂိုးနဲ့ အနိုင်ကစားပြလိုက်ပြီးတဲ့နောက် ပြိုင်ပွဲမှာ စောင့်ကြည့်ရတဲ့အသင်းတသင်း ဖြစ်လာခဲ့ပါတယ်။ ဒုတိယပွဲမှာ အိမ်ရှင်စင်ကာပူကို ၂-၁ ဂိုးနဲ့ အနိုင်ယူကစားပြီးတဲ့နောက်မှာတော့ ဗိုလ်လုပွဲတက်နိုင်တဲ့ အသင်းအဖြစ် ရေပန်းစားခဲ့ပါတော့တယ်။ အုပ်စုတတိယပွဲမှာ ကမ္ဘောဒီးယားအသင်းကို အရန်ကစားသမားအများစုနဲ့ သရေကစာပြီး အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဒေသတွင်း အင်အားကြီးအသင်းတသင်းဖြစ်တဲ့ ဗီယက်နမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းအရ ဗီယက်နမ်က သာပါတယ်။ ဆီမီးဖိုင်နယ်ပွဲတွေအဖြစ် ဇွန် ၁၃ ရက်နေ့က ကစားခဲ့တဲ့ မြန်မာ-ဗီယက်နမ်ပွဲ၊ ထိုင်း-အင်ဒိုနီးရှားပွဲတွေ ကြည့်ခဲ့ရသူတိုင်း ထိုင်းအသင်းဟာ မြန်မာအသင်းထက် အစစ သာလွန်ကောင်း မွန်တယ်ဆိုတာ တွေ့မြင်ခဲ့ကြရမှာပါ။ တက်လမ်းအားကစားဂျာနယ်အယ်ဒီတာ ဦးချစ်ဝင်းမောင်ကတော့ ကံတရားရဲ့ ဖေးမမှုနဲ့ မြန်မာအသင်း နိုင်နိုင်ပါတယ်လို့ ပြောပါတယ်။ “ထိုင်းသည် မြန်မာထက် ကောင်းတယ်ဆိုတာကိုတော့ ကျနော်တို့ ပရိသတ်ကြီးကလည်း လက်ခံထားပြီးသားပါ။ ဒါပေမယ့် မြန်မာအသင်းမှာ စိတ်ဓာတ်၊ ကြိုးစားအားထုတ်မှု၊ ပရိသတ် အားပေးမှုတို့မှာ အားသာချက် ရှိပါတယ်။ ကျနော် ထင်ပါတယ်၊ အင်ဒိုနီးရှားလိုတော့ ရုပ်ပျက်ဆင်းပျက် ရှုံးနိုင်စရာ မရှိဘူး။ ဘောလုံးက တခါတရံ ကံတရားရဲ့ ဖေးမမှုကလည်း ရှိတော့ ကံကောင်းရင်တော့ ကျနော်တို့ နိုင်ခြေ ရှိပါတယ်။” မြန်မာအသင်းဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းကလည်း ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ ထိုင်းနဲ့ အလားတူ ဗိုလ်လုပွဲမှာ တွေ့ပြီး ၂-၀ နဲ့ ရှုံးဖူးပါတယ်။ ဒီတုန်းကလည်း အခုလိုပဲ ဗီယက်နမ်ကို ကျော်ဖြတ်ပြီး မြန်မာအသင်း ဗိုလ်လုပွဲ ရောက်ခဲ့တာပါ။ နောက်ထပ် မြန်မာအားကစားကလောင်ရှင်တယောက်ဖြစ်တဲ့ ကိုစိုးညီကတော့ မြန်မာအသင်း ပရိသတ်အနေနဲ့ မဟုတ်ဘဲ ကလောင်ရှင်တယောက်အနေနဲ့ ပြောရရင် မြန်မာအသင်း ၂ ဂိုးပြတ်လောက်နဲ့ ရှုံးနိုင်တယ်လို့ ပြောပါတယ်။ “ထိုင်းကိုအနိုင်ယူပြီး ဗိုလ်စွဲဖို့တော့ အရမ်းခက်ခဲမယ် ထင်တယ်။ ထိုင်းအသင်းက အနည်းဆုံး ၂-၀လောက်နဲ့ မြန်မာကို နိုင်သွားမယ် ထင်ပါတယ်။” မြန်မာယူ ၂၃ အသင်းနည်းပြ ဦးကြည်လွင်ကတော့ ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့တွေ့ပါစေ။ ပြင်ဆင်စရာရှိတာပဲ ပြင်ဆင်သွားမယ်လို့ မီဒီယာကို ပြောထားပြီး ဗီယက်နမ်နဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ကစားသမားတွေနဲ့ပဲ ထိုင်းကို ယှဉ်ပြိုင်ကစားမယ်လို့ ဆိုထားပါတယ်။ ၀ါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကတော့ အပြန်အလှန်ကစားပြီး ဒုတိယ ဆိုလည်း ကျေနပ်ရမယ်လို့ ပြောပါတယ်။ “ထိုင်းက အင်ဒိုနီးရှားကို ၅ ဂိုး သွင်းတယ်။ ကျနော်တို့ အသင်းကလည်း အင်ဒိုနီးရှားကို ၄ ဂိုး သွင်းထားတာပဲဗျ။ ဟုတ်တယ်မို့လား၊ အပြန်အလှန်တော့ ရှိမယ်။ မြန်မာဖြစ်တော့လည်း မြန်မာပဲ နိုင်စေချင်တယ်။ ဒါပေမယ့် နည်းနည်းတော့ ခက်မယ်၊ ဒုတိယလောက်နဲ့ ကျေနပ်ရရင်လည်း တော်ပြီပေါ့ဗျာ။” ဆီးဂိမ်းမတိုင်မီ ထိုင်းနိုင်ငံမှာ ထိုင်းယူ ၂၃ အသင်းနဲ့ မြန်မာယူ ၂၃ အသင်းတို့ ခြေစမ်းကစားခဲ့ကြပြီး ထိုင်းက ၄ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းမန်နေဂျာ ဦးသန်းတိုးအောင်က အဲ့ဒီခြေစမ်းပွဲတုန်းက မြန်မာအသင်း ပုံမှန်ခြေစွမ်း မရခဲ့ဘဲ ပြိုင်ပွဲစတဲ့ အင်ဒိုနဲ့ပွဲမှာမှ အသင်းခြေစွမ်း ပုံမှန်ပြန်ရခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
6 years Ago

June 13, 2015

ဗီယက်နမ်နှင့်ကစားမည့် မြန်မာယူ ၂၃ ပွဲထွက်စာရင်း ထုတ်ပြန်

ဗီယက်နမ်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီနေ့ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းရဲ့ လူစာရင်းကို မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။ ရှုံးပွဲမရှိဘဲ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ မြန်မာအသင်းဟာ ဒီနေ  မြန်မာစံတော်ချိန် ၁၂ နာရီခွဲမှာ ဆီမီးဖိုင်နယ်အဖြစ် ဒေသတွင်း ပြိုင်ဘက်ကောင်း အသင်းတသင်းဖြစ်တဲ့ ဗီယက်နမ်နဲ့ ယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အနီရောင်ဝတ်စုံကို ၀တ်ဆင်ကစားမှာ ဖြစ်ပါတယ်။ ဗီယက်နမ်နဲ့ယှဉ်ပြိုင်မယ့် မြန်မာ ယူ၂၃ အသင်း ပွဲထွက်စာရင်းကတော့ ဂိုး- ကျော်ဇင်ဖြိုး၊ နောက်တန်း- ကျော်ဇင်လွင်၊ သိန်းနိုင်ဦး၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ အလယ်တန်း- နေလင်းထွန်း၊ လှိုင်းဘိုဘို၊ ရဲကိုဦး၊ စည်သူအောင်၊ ရှေ့တန်း- ကောင်းဆက်နိုင်နဲ့ ရှိုင်းသူရတို့ ဖြစ်ပါတယ်။
6 years Ago
More News
Up