စင်ကာပူကိုနိုင်ပြီး အာဆင်နယ် ဘာကလေ အာရှဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

July 16, 2015

စင်ကာပူကိုနိုင်ပြီး အာဆင်နယ် ဘာကလေ အာရှဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

စင်ကာပူမှာ ကျင်းပနေတဲ့ ဘာကလေ အာရှဖလား ပြိုင်ပွဲမှာ အာဆင်နယ် အသင်းဟာ စင်ကာပူ လက်ရွေးစင် အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ ကစားသွားတဲ့ပွဲမှာ အာဆင်နယ် လူငယ်အကယ်ဒမီက ချူဘာအက်ပေါင်ရဲ့ ဟက်ထရစ်နဲ့ ဂျက်ဝီလ်ရှိုင်းယားက ၁ ဂိုး သွင်းယူသွားခဲ့ပါတယ်။ ဒီပွဲမှာ စင်ကာပူအသင်းက ပင်နယ်တီနဲ့ ၂ ဂိုး ပေးလိုက်ရပါတယ်။ အာဆယ်နယ်မှာ နာမည်ကြီး ပီတာချက်၊ အိုဇေး၊ ဝေါလ်ကော့၊ ကာဇိုလာတို့ကို အသုံးမပြုဘဲ လူငယ် အကယ်ဒမီက ကစားသမား အများစုနဲ့ ပွဲထုတ်ကစားသွားခဲ့ပါတယ်။ တခြားပွဲစဉ်အဖြစ် အဲဗာတန်နဲ့ စတုတ်တို့ ယှဉ်ပြိုင်ရာမှာ ပုံမှန်ပွဲကစားချိန်အပြင် အချိန်ပို မိနစ် ၃၀ အထိ ဘယ်သူမှ ဂိုးမသွင်းနိုင်ဘဲ ပယ်နယ်တီအဆုံးအဖြတ် ကန်ရာမှာ အဲဗာတန်က ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားပါတယ်။ ဇူလိုင် ၁၈ ရက်နေ့မှာ ဗိုလ်လုပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ အဲဗာတန်တို့ ကစားရမှာ ဖြစ်ပါတယ်။
6 years Ago
Up