စခန်းသွင်း လေ့ကျင့်

January 7, 2017

မလေးရှားဆီးဂိမ်းအတွက် မြန်မာအားကစားအဖွဲ့ စခန်းသွင်း လေ့ကျင့်

လာမယ့် ၂၀၁၇ မလေးရှားဆီးဂိမ်းအတွက် မြန်မာအားကစားအဖွဲ့ဟာ အားကစားနည်း ၇ မျိုးကနေ ရွှေရရှိဖို့ မျှော်မှန်းထားပြီး အခြား အားကစားနည်း ၁၂ မျိုးကနေ ဆုတံဆိပ်တွေ ရရှိဖို့ မျှော်မှန်းလေ့ကျင့်နေတယ်လို့ အားကစားနဲ့ ကာယပညာဦးစီးဌာနက ပြောပါတယ်။ ရွှေရရှိနိုင်တဲ့ အားကစားနည်း ၇ မျိုးဖြစ်တဲ့ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ပီတန်း၊ တိုက်ဂွမ်ဒို၊ မြားပစ်၊ ၀ူရှူး၊ ဘိလိယက် အားကစားနည်းတို့ကို အမြင့်ဆုံးအောင်မြင်မှုတွေ ရရှိဖို့ ရည်ရွှယ်ထားပြီးတော့ အခြားသော အားကစားနည်းဖြစ်တဲ့ ဂျူဒို၊ ဘော်လီဘော၊ ပြေးခုန်ပစ်အစရှိတဲ့ အားကစားနည်း ၁၂ မျိုးကိုတော့ ကာလာတွေ ၀င်နိုင်ဖို့ရည်မှန်းထားတယ်လို့ အားကစားနဲ့ ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနဲ့ လေ့ကျင့်ရေး ဌာနခွဲ ၂ ညွှန်မှူး ဗိုလ်ကြီးကျော်ဇင်မိုးက ပြောပါတယ်။ ဒါပေမယ့် မြန်မာအားကစားအဖွဲ့အနေနဲ့ လက်ရှိအချိန်မှာ ကစားသမားမျိုးဆက်ပြတ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အောင်မြင်မှုတွေအပြည့်အ၀မမျှော်မှန်းနိုင်သေးတဲ့ အခြေအနေ လည်းဖြစ်နေခဲ့ပါတယ်။ နေပြည်တော်မှာရှိတဲ့ အားကစားလေ့ကျင့်ရေးစခန်းတွေမှာ အားကစားအဖွဲ့ ၁၇ ဖွဲ့ကနေ အုပ်ချုပ်သူနဲ့နည်းပြ ၆၈ ဦး၊ နည်းစနစ်ကျွမ်းကျင် ပြည်ပနည်းပြ ၁၀ ဦးနဲ့ ကစားသမား စုစုပေါင်း ၂၆၈ ဦးကို စခန်းသွင်းလေ့ကျင့်နေပါတယ်။ သတင်း၊ဓာတ်ပုံ-ထက်လူ
5 years Ago
Up