တရုတ်နိုင်ငံ ဂွမ်ဒေါင်းခရိုင်က အသက် ၁၂ နှစ်အရွယ် ကလေးငယ်ကတော့ စက္ကန့် ၃၀ အတွင်းမှာ သေးငယ်တဲ့ ကြိုးကလေးကို အကြိမ် ၂၀၈ ကြိမ် ခုန်ပြခဲ့ပါတယ်။
ခုန်ပြတဲ့ ကလေးကတော့ ဆန်ဇီအိုလင်းဖြစ်ပြီး မမြင်နိုင်တဲ့ အရှိန်နဲ့ ခုန်ပြခဲ့တာ ဖြစ်တယ်လို့ တရုတ် စီစီတီဗွီသတင်းက ထုတ်လွှင့်သွားပါတယ်။
၁ စက္ကန့်ကို ၇.၃ ကြိမ်နှုန်းနဲ့ ခုန်ပြခဲ့တာ ဖြစ်သလို သူခုန်ပြတာဟာ အရမ်းမြန်လွန်းတဲ့ အတွက် အမှတ်ပေး ဒိုင်လူကြီး ၈ ဦးက ဗွီဒီယို ရုပ်သံကနေတဆင့် ပြန်ပြဖို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်လွန်းတဲ့အတွက် ရေတွက်တဲ့သူတွေက ညာဖက်ခြေထောက်ကိုသာမြင်တွေ့ပြီး ၁၀၈ ကြိမ် လောက်သာ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ် ဒူဘိုင်းက ကြိုးခုန် ချန်ပီယံ ပြိုင်ပွဲမှာ ၅ တန်းကျောင်းသား ဆန်က ကမာ့္ဘမှတ်တမ်းကို ချိုးဖျက်ခဲ့ပါတယ်။
6 years Ago