စက်ရုံမှူး

March 13, 2021

အဂတိလိုက်စားမှုဖြင့် တရားစွဲခံထားရသည့် BPI ဆေးဝါးစက်ရုံမှူး ပြန်လွတ်

အဂတိ လိုက်စားမှုဖြင့် တရားစွဲဆိုခံထားရတဲ့ BPI ဆေးဝါးစက်ရုံမှုး  ဒေါက်တာအောင်ဇော် ဟာ မတ်လ ၁၃ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။

သူ့ကို တရားစွဲဆိုထားသူက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အမှုကို အပြီးအပြတ် ပိတ်သိမ်းပေးခဲ့တယ်လို့ ဒေါက်တာအောင်ဇော်ရဲ့ ရှေ့နေက ပြောပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက စတင်တရားစွဲဆိုခံရတာဖြစ်ပြီး အမှုက တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။

တိုင်ကြားစာအရ ဆေးဝါးစက်ရုံ (အင်းစိန်) စက်ရုံမှူး ဒေါက်တာ အောင်ဇော်အနေနဲ့ ဆေးဝါး ထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ဖို့အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ဝယ်ယူခဲ့တာကြောင့် နိုင်ငံတော်ရဲ့ ငွေကြေးနှင့်ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံးစေကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်းလည်း ဖမ်းဆီးတရားစွဲဆိုစဥ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသေးတယ်။

9 months Ago
Up