စက်ရုံပြန်ဖွင့်

May 13, 2020

အမေရိကန် တက်စ်လာ မော်တော်ကားစက်ရုံ ညွှန်ကြားချက်မလိုက်နာဘဲ စက်ရုံပြန်ဖွင့် 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က တက်စ်လာ မော်တော်ကားထုတ်လုပ်ရေး စက်ရုံဟာ ကောင်တီ တာဝန်ရှိသူတွေရဲ့ စက်ရုံပိတ်ရေး ညွှန်ကြားချက်တွေကို မလိုက်နာဘဲ ထုတ်လုပ်ရေး ဆက်လုပ်နေပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ကလည်း တက်စ်လာကို စက်ရုံပြန်ဖွင့်ခွင့်ပြုသင့်တယ်လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့ တွစ်တာပို့စ်ကို တက်စ်လာစီအီးအို အီလွန်မာ့စ်က ကျေးဇူးတင်ပါတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။  ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့က တက်စ်လာ ကားစက်ရုံ ကားပါကင်မှာ မေ ၈ ရက်က ဝန်ထမ်းတွေရဲ့ မော်တော်ကားတွေ ပြည့်နှက်နေပြီး စက်ရုံဝင်းထဲမှာ ထရပ်ကားတွေ  ဝင်ထွက်နေတာကိုလည်း တွေ့ရပါတယ်။ တက်စ်လာက စက်ရုံဆက်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကားစက်ရုံတည်ရှိရာ အယ်လာမက်ဒါ ကောင်တီကို တက်စ်လာက မေ ၉ ရက်နေ့မှာ တရားစွဲဆိုခဲ့ပါတယ်။   မေ ၁၁ ရက်မှာ စီအီးအို အီလွန်မာ့စ်ကတော့ မော်တော်ကားစက်ရုံက ထုတ်လုပ်ရေးတွေ ပြန်စနေပြီလို့ ပြောဆိုခဲ့ပြီး လာဖမ်းဆီးမယ်ဆိုရင် သူ့ကိုပဲ လာဖမ်းသင့်တယ်လို့ အီလွန်မာ့စ်က ပြောပါတယ်။  အဲဒီနောက် စတော့အရောင်းအဝယ်မှာ တက်စ်လာရှယ်ယာ တန်ဖိုးက အမေရိကန်ဒေါ်လာ  ၈၂၀ ဒသမ ၄၄ နဲ့ ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အခုပြန်ဖွင့်ခဲ့တဲ့ တက်စ်လာ မော်တော်ကားထုတ်လုပ်ရေးစက်ရုံဟာ  အမေရိကရှိ တခုတည်းသော တက်စ်လာကားစက်ရုံ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
11 months Ago
Up