စက်ရုံ

A d v e r t i s e m e n t With Us

December 12, 2020

ပဲခူးစက်မှုဇုန်တွင် ကိုဗစ်လူနာနှင့် ထိတွေ့ထားသူများကို ထိမ်ချန်သည့် စက်ရုံအချို့ရှိ

ပဲခူးစက်မှုဇုန်က ရောဂါပိုးကူးစက်ခံရတဲ့ စက်ရုံဝန်ထမ်းတွေနဲ့ ထိတွေ့ထားတဲ့ Contact ကို ထိမ်ချန်ထားပြီး ထုတ်မပေးတဲ့ စက်ရုံတချို့ရှိနေတဲ့အတွက် အရေးယူပေးဖို့ အစိုးရအဖွဲ့ဆီ တင်ပြထားတယ်လို့ ပဲခူးစက်မှုဇုန် အတွင်းရေးမှူးက ပြောပါတယ်။  ပဲခူးစက်မှုဇုန်မှာ CMP စက်ရုံ ၉၀ကျော်ရှိပြီး အဲဒီစက်ရုံတွေထဲက စက်ရုံ ၂၇ ရုံက ဝန်ထမ်း ၃၂ ဦးမှာ ရောဂါပိုးကူးစက်ခံထားပါတယ်။  အဲဒီလို စက်ရုံတွေမှာ ရောဂါကူးစက်ခံရတာနဲ့ပတ်သက်ပြီး Contact တွေကို ထိမ်ချန်ထားကြသလို ထုတ်မပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် Contact တွေကို ထုတ်မပေးတဲ့ စက်ရုံတွေကို အရေးယူပေးဖို့ အစိုးရအဖွဲ့ဆီ တင်ပြထားတယ်လို့ပဲ ပဲခူးစက်မှုဇုန်အတွင်းရေးမှူး ဦးဟိန်းထက်က ပြောပါတယ်။ ခရိုင်ကျန်းမာ ရေးဦးစီးမှူး ဒေါက်တာသီဟက “Contact တွေ ထိမ်ချန်ထားတဲ့အတွက် Positive ဖြစ်တဲ့ စက်ရုံဝန်ထမ်းနဲ့ချိတ်ဆက်ပြီး ဘယ်သူက Contact ဆိုပြီး ပြန်ထုတ်ယူရပါတယ်။ အဲဒီလိုထုတ်တဲ့အခါမှာလည်း စက်ရုံဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်။ စက်ရုံ Contact တွေကို လိုက်တဲ့အခါမှာ သူတို့က စက်ရုံမှာပေးထားတဲ့ လိပ်စာအတိုင်းမနေဘဲ အဆောင်တွေမှာ ငှားနေကြတော့ သူတို့ကို ရှာဖွေရတာ အတော်ကို အခက်ခဲရှိတယ်” လို့ ပြောပါတယ်။ Contact တွေကို ထိမ်ချန်တဲ့စက်ရုံတွေကို သဘာဝဘေးအန္တရာယ်နဲ့ အရေးယူမယ်လို့ ပြောလိုက်ပြီးနောက် Contact တွေကို ထိမ်ချန်တာ မရှိတော့ဘူးလို့ တိုင်းလူဝန်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။ ပဲခူးမြို့မှာ နေ့စဉ်ပိုးတွေ့ရှိမှု မြင့်တက်နေသလို စက်ရုံတွေမှာလည်း ဝန်ထမ်းတွေ ရောဂါကူးစက်မှု ထပ်မံမဖြစ်စေလိုတဲ့အတွက် ကျန်းမာရေးဌာနအပါအဝင် ဌာနဆိုင်ရာတွေကနေ စက်ရုံတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပါတယ်။   စက်ရုံ ၂ ရုံမှာတော့ လိုအပ်ချက်တွေရှိနေတဲ့အတွက် ယာယီပိတ်သိမ်းဖို့အတွက် ပဲခူးတိုင်း ဝန်ကြီးချုပ်ဆီ တင်ပြထားပါတယ်။
3 months Ago

October 31, 2020

ပုသိမ်ရှိစက်ရုံများ ၁ လကျော် ပိတ်ထားသဖြင့် အလုပ်သမားများ စားဝတ်နေရေး ခက်ခဲ

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလ စက်ရုံတွေ ၁ လကျော် ပိတ်ထားရတဲ့အတွက် အလုပ်သမားတွေ စားဝတ်နေရေးအခက်အခဲ ရှိလာတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက် အထည်ချုပ်စက်ရုံအားလုံးကို စက်တင်ဘာ ၂၄ ရက်ကနေ စတင်ကာ ဧရာဝတီတိုင်းအစိုးရက ယာယီပိတ်သိမ်းစေခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး အထည်ချုပ်စက်ရုံတွေကို ယာယီပိတ်စေခဲ့တဲ့အပြင် နယ်ကလာ အလုပ်လုပ်တဲ့ သူတွေကို အိမ်မပြန်ဖို့တားမြစ်ခဲ့တာကြောင့် အလုပ်သမားတွေအတွက် စားဝတ်နေရေး အခက်အခဲ ရှိလာတယ်လို့ အလုပ်သမားတွေက DVB ကို ပြောပါတယ်။ ပုသိမ်စက်မှုဇုန် Amava Apparel စက်ရုံသမဂ္ဂ ခေါင်းဆောင်ဖြစ်တဲ့ မအိမွန်စိုးက "အလုပ်သမားတွေက လစာအပြည့်မရတာတွေ အိမ်ပြန်ခွင့်မရတာတွေကြောင့် ခုဆို ထမင်းစားရ  ဖို့တောင် တော်တော်အခက်အခဲရှိလာပါတယ်၊ ဒီလကုန်ရင် အဆောင်လခ ပေးဖို့တောင် တော်တော်ကြိုးစားရမယ်" လို့ ပြောပါတယ်။ ပိတ်ထားတဲ့ရက်တွေအတွက် အလုပ်သမားတွေ လစာအပြည့်အဝ မရခဲ့သလို လူမှုဖူလုံကြေးလည်း မရရှိသေးတာကြောင့် စားဝတ်နေရေးနဲ့ အဆောင်စရိတ်ပေးဖို့ အခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။ အထည်ချုပ်စက်ရုံတွေပိတ်လို့ အိမ်ပြန်ခွင့်မရသူတွေနေတဲ့ အဆောင်တွေက အဆောင်စရိတ် လျော့ပေးတာမရှိသလို ရက်စောင့်ပေးတာမရှိတဲ့ အဆောင်များတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဧရာဝတီတိုင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံ ၁၂ ရုံကို အစိုးရတာဝန်ရှိသူတွေ စစ်ဆေးတဲ့အခါ စက်ရုံ ၁၁ ရုံက A အဆင့် ရတဲ့အတွက် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးဖို့ နေပြည်တော်မှာရှိတဲ့ အမျိုးသားအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီကို တင်ပြထားတယ်လို့ သိရပါတယ်။ စက်ရုံတွေပြန်လည်ဖွင့်လှစ်ဖို့အတွက် အမျိုးသားအဆင့် ကိုဗစ်ကော်မတီကို တင်ပြထားပေမယ့် ယာယီပိတ်ရက် ၁ လကျော်ကြာလာတဲ့အချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
4 months Ago
More News
Up