စက်ရုပ်များဖြင့်

February 8, 2020

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် လူချင်းကူးစက်မှု ရှောင်ရှားနိုင်ရန် စက်ရုပ်များဖြင့် ပစ္စည်းပို့

ကိုရိုနာဗိုင်းရပ်စ် လူလူချင်း ရောဂါကူးစက်တာကို ရှောင်ရှားနိုင်ဖို့အတွက်  တရုတ်ကုမ္ပဏီတခုက ပစ္စည်းပို့စက်ရုပ် (robot) တွေ သုံးပြီး ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်ကုသတဲ့ ဆေးရုံတွေဆီ လိုအပ်တဲ့ပစ္စည်းတွေ လိုက်လံပို့ဆောင်နေပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်မှာ JD ဆိုတဲ့ အီလက်ထရွန်းနစ် စီးပွားရေးလုပ်ငန်းက  အလိုအလျောက် မောင်းနှင်တဲ့ robot တွေ သုံးပြီး ဆေးရုံဝန်ထမ်းတွေထံ လိုအပ်ပစ္စည်းတွေ ပို့ဆောင်နေတာပါ။  ပစ္စည်းပို့ရိုဘော့ရောက်လာချိန်မှာ သူက ဝယ်သူရဲ့ဖုန်းကို မက်ဆေ့ချ်ပို့ပြီး ယူရမယ့် ကုတ်နံပါတ်  ပို့ပေးကာ အဲဒီ ကုတ်နံပါတ်နဲ့ ပစ္စည်းထုတ်ယူရတာဖြစ်ပါတယ်။  ဖေဖော်ဝါရေ ၆ ရက်က အဲဒီ  robot ကို ပထမဆုံး တာဝန်ပေးခဲ့ပြီး  robot ဟာ ဝူဟန်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ် ကုသဆေးရုံကို ပစ္စည်းတွေ သွားပို့ပေးခဲ့ပါတယ်။  ဖေဖော်ဝါရီ ၇ ရက်မှာတော့ ရှန်းယန်မြို့မှာ ရောဂါပိုးမွှားသန့်စင်ရေးကနေ အစားအစာနဲ့ ဆေးဝါးပို့ဆောင်ရေးအထိ  robot တွေကို ရှေ့တန်းနေရာမှာ ဖြန့်ကြက်အသုံးပြုနေတယ်လို့ ရှင်ဟွာနက်ခ်သတင်းက ဖော်ပြပါတယ်။  ရှန်ဟိုင်းကုမ္ပဏီတခုက ထုတ်လုပ်တဲ့ ပိုမွှားသန့်စင်ရေး  robot ၃၀ ကျော်က ဝူဟန်မြို့က ဆေးရုံတွေထဲ ဝင်ရောက်ပြိး ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် အဲဒီ  robot တွေမှာ တပ်ဆင်ထားတဲ့ လမ်းကြောင်းပြ နည်းပညာက လမ်းမှာတွေရှိတဲ့ အတားအဆီးတွေကို ရှောင်ကွင်းနိုင်တယ်လို့လည်း ရှန်ဟိုင်း TMiRob ကုမ္ပဏီ စီအီးအိုက ရှင်းပြခဲ့ပါတယ်။
1 year Ago
Up