မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
စက်များ
Home
စက်များ
A
d
v
e
r
t
i
s
e
m
e
n
t
With Us
December 18, 2019
834
YBS ယာဉ်လိုင်းများတွင် ကတ်စနစ်အသုံးပြုရန် စက်များ ယခုလ အပြီးတပ်ဆင်မည်
ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ ကတ်စနစ် အသုံးပြုဖို့အတွက် စက်တွေကို အခုလ ၂၇ ရက်နေ့မှာ အပြီးတပ်ဆင်သွားမယ်လို့ ကုန်လမ်းပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA ) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
ယာဉ်စီးခ ပေးချေမယ့် ငွေပေးချေစက်တွေကတော့ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ ယာဉ်အစီးရေ ၅၅၄ စီးမှာ စက်တွေ တပ်ဆင်ထားပြီးဖြစ်သလို အခုနှစ်အတွင်းမှာ ကားအစီးရေ ၁၅၀၀ မှာ ငွေပေးချေစက်တွေကို တပ်ဆင်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့်နှစ်မှာတော့ ကျန်ရှိတဲ့ ကားအစီးရေ ၂၀၀၀ ကျော်မှာလည်း ထပ်မံတပ်ဆင်သွားမယ်လို့ ဆိုပါတယ်။
ကတ်စနစ် အသုံးပြုဖို့အတွက် YRTA ၊ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုလို့ အဆင်ပြေတာ ရှိ၊ မရှိကို စစ်ဆေးပြီးမှသာ အသုံးပြုလို့ရမှာ ဖြစ်ပြီး ဘယ်အချိန်မှာ စတင်အသုံးပြုနိုင်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ ဒီကနေ့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။
ဒါ့အပြင် YBS 70 ယာဉ်လိုင်းကို ပန်းဆိုးတန်းကနေ သန်လျင် နည်းပညာတက္ကသိုလ်အနီးမှာရှိတဲ့ တန်ဖိုးနည်းအိမ်ရာအထိ တိုးချဲ့ ပြေးဆွဲသွားမယ်လို့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
လက်ရှိမှာ YBS 70 က သန်လျင်နည်းပညာကတက္ကသိုလ်ကနေ လမ်း ၅၀ အထိ ပြေးဆွဲနေတာ ဖြစ်ပြီး ကျောင်းသားတွေရဲ့ တောင်းဆိုမှုကြောင့် နည်းပညာတက္ကသိုလ်အနီးမှာရှိတဲ့ တန်ဖိုးနည်းအိမ်ရာကနေ ပန်းဆိုးတန်းအထိ ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာ လက်ရှိပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်ရှိပြီး တရက်ကို ယာဉ်အစီးရေ ၄၀၀၀ နီးပါး ပြေးဆွဲနေတယ်လို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က သိရပါတယ်။
1 year Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up