စက်ပစ္စည်းများဖျက်ဆီးခံရ

November 5, 2020

မိုင်းတုံမြို့နယ်၌ IGT ဆက်သွယ်ရေးတာဝါတိုင် စက်ပစ္စည်းများဖျက်ဆီးခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်အတွင်း မိုင်းတုံမြို့မှ ၂၃ မိုင်ခန့်အကွာ ရွှေတောင်ရွာ အနီး တည်ဆောက်ထားတဲ့ Irrawaddy Green Tower ကုမ္ပဏီပိုင် ဆက်သွယ်ရေးတာဝါတိုင်မှာ တပ်ဆင်ထားတဲ့စက်ပစ္စည်းတွေ ဖျက်ဆီးခံထားရပါတယ်။ ဖျက်ဆီးသူဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပေမဲ့ ဆက်သွယ်ရေးတာဝါတိုင် ပစ္စည်းတွေ ဖျက်ဆီးခံထားရတာကို နိုဝင်ဘာ ၄ ရက် မနက်မှာ  ကုမ္ပဏီတာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။  ဆိုဒ်တာဝန်ခံ ဦးမင်းဇော်ဦးက "ဆိုဒ်စပြီးဒေါင်းတာ နိုဝင်ဘာလ ၁ ရက်နေ့ ၁၁နာရီ ၄၈ မိနစ်ကဖြစ်နေတာ ဆိုဒ်အားလုံး လိုက်လံစစ်ဆေးနေရတာနဲ့ ဒီမနက်မှ ပျက်စီးနေတဲ့ အခြေအနေ တွေကိုသိရတာပါ။ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်သွားတာလို့ထင်တယ်။ ကျောက်ခဲနဲ့ထုပြီး ဖျက်ဆီးခံထားရတာပါ'' လို့ ပြောပါတယ်။ ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး DGကြိုးတွေ ဖြတ်တောက်ဖျက်ဆီးခံရကာ အအေးပေးတဲ့ ပန်ကာတွေလည်း ပျောက်ဆုံးနေပြီး အော်တို-မန်နျူရယ် ချိန်ပြောင်းစက်ခလုတ်အုံကို လည်း ထုချေဖျက်ဆီးခံခဲ့ ရတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Irrawaddy Green Tower ကုမ္ပဏီရုံးချုပ် တာဝန်ရှိသူတွေက  ကွင်းဆင်း စစ်ဆေးမှုတွေဆောင်ရွက်နေပြီး ဖျက်ဆီးသူတွေကို ဖော်ထုတ်အရေးယူနိုင်ရေး အမှုဖွင့် တိုင်ကြားသွားမယ်လို့  သိရပါတယ်။ သတင်း - အောင်ဇေယျ
1 year Ago
Up