စက်တွေ မဟုတ်

September 27, 2020

“ကစားသမားတွေဟာ စက်တွေ မဟုတ်ပါဘူး” ဂွါဒီယို

ကစားသမားတွေရဲ့အခြေအနေကို ဘယ်သူမှ ဂရုမစိုက်ကြကြောင်း နီးကပ်လွန်းတဲ့ ပွဲစဉ် ဇယားအခြေအနေကို မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။  မန်စီတီးအသင်းဟာ ရာသီကြိုပြင်ဆင်ချိန်ကာလ အနည်းငယ်သာရရှိခဲ့ပြီး ပြိုင်ပွဲတွေ ပြန်လည်ယှဉ်ပြိုင်နေချိန်မှာ သူတို့အတွက် ဒေါင်ဒေါင်မြည်ကစားသမား ၁၃ ဦးသာ ကျန်တော့ တယ်လို့ ဂွါဒီယိုလာက ဘုန်းမောက်နဲ့ ကာရာဘောင်ပွဲအပြီးမှာ ပြောပါတယ်။  မန်စီတီးအသင်းရဲ့ အဓိကတိုက်စစ်မှူး နှစ်ဦးဖြစ်တဲ့ အဂွဲရိုနဲ့ ဂျေးဆုတို့ဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား၊ နောက်ခံလူ ကန်ဆယ်လိုနဲ့ ဇင်ချန်ကိုတို့ဟာ ကြံ့ခိုင်ရေးပြဿနာ ရှိနေပါတယ်။  လာပေါ့ထ်နဲ့ဂွန်ဒိုဝမ်တို့ဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အခုချိန်ထိ မကစားနိုင် ‌သေးပါဘူး။  မန်စီတီးအသင်းဟာ စက်တင်ဘာ ၂၇ ရက်တနင်္ဂနွေနေ့မှာ လက်စတာအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အားလုံးအတွက် ခက်ခဲနေတဲ့အချိန်မှာ ကစားသမားတွေဟာ များပြားတဲ့တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။  “အခြေအနေအမှန်ကတော့ မြင်တဲ့အတိုင်းပါပဲ။ ဒါဟာ မန်စီတီးတစ်သင်းတည်းရဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ကလပ်အသင်းတိုင်း၊ နိုင်ငံအသင်းတိုင်းရင်ဆိုင်နေရတာပါ။ ဘယ်သူ တစ်ယောက်ကမှ ကစားသမားတွေရဲ့အခြေအနေကို ထည့်မတွက်ကြပါဘူး။ ပရီးမီးယားလိဂ်၊ UEFA နဲ့ EFL အားလုံးက သူတို့ရဲ့အကျိုးစီးပွားနဲ့ သူတို့ရဲ့အတွက်ပဲ ကာကွယ်နေကြတာပါ။ ကစားသမားတွေက ရာသီကြို ၂ ပတ်ပဲရခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ၁၁ လဆက်တိုက် ၃ ရက်ကို ၁ ပွဲကစားရပါတော့မယ်။ ဒီလိုမျိုးဆန့်ကျင်ဘက်တွေပြောနေလို့လည်း ကျနော်တို့  ဘာကိုမှ ပြောင်းလဲလို့မရဘူးဆိုတာသိပါတယ်။”   “စားသောက်ဆိုင်၊ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံနဲ့ ပြတိုက်တွေနဲ့အားလုံးအတွက် ဒါဟာခက်ခဲတဲ့ အခြေအေ န ဆိုတာကျွန်တော်သိပါတယ်။ အားလုံးဟာ ရုန်းကန်နေရပါတယ်။ ကျနော်တို့ဟာ လည်း အခွင့်ထူးခံတွေ မဟုတ်ပါဘူး။ ကျနော်တို့ လုပ်နေတဲ့ အရာပေါ်မှာ ယုံကြည်မှုရှိပြီးတော့ အကောင်းဆုံးဖြစ်ဖို့ကြိုးစားရပါမယ်။ ကျနော်တို့မှာ နိုင်ငံအသင်းကနေ ဒဏ်ရာနဲ့ ပြန်လာတဲ့က စားသမား ၃ ယောက်ရှိပါတယ်။ ဒါဟာထိန်းချုပ်လို့ မရပါဘူး။ သူတို့ကကစားသမားတွေကို ကြိုတင်ပြင်ဆင်မှုမရှိဘဲ ၄ ရက်အတွင်း ၂ပွဲကစားခိုင်းပါတယ်။ ကစားသမားတွေဟာ စက်တွေ မဟုတ်ပါဘူး” လို့လည်း ဂွါဒီယိုလာကပြောပါတယ်။  မန်စီတီးအသင်းဟာ လက်စတာနဲ့ပွဲပြီးရင် EFL ပွဲအဖြစ် ဘန်လေအသင်းနဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာကစားကာ  လိဒ်နဲ့ အောက်တိုဘာ ၃ ရက် စနေနေ့မှာ ထပ်မံ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 
12 months Ago
Up