စက်တင်ဘာ

June 29, 2020

ကိုလံဘီယာနိုင်ငံတကာလေဆိပ် စက်တင်ဘာလအတွင်း လုပ်ငန်းစတင်ရန်  ပြင်ဆင်

ကိုလံဘီယာနိုင်ငံရဲ့ မြို့တော်ဘိုကိုတာက အယ်လ်ဒိုရာဒိုနိုင်ငံတကာလေဆိပ် တာဝန်ရှိသူတွေက စက်တင်ဘာလထဲမှာ လေဆိပ်ရဲ့စီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှုပြန်စဖို့ ပြင်ဆင်နေပါတယ်။ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကို စက်တင်ဘာ ၁ ရက်မှာ ပြန်စဖို့ အစိုးရက အခွင့်အာ ဏာ ပေးလိုက်ပြီ ဖြစ်ပေမယ့် ဘယ်အချိန်မှာ နိုင်ငံပိုင်လေကြောင်းလိုင်တွေ  စပျံသန်းမလဲဆိုတာ ရက်မသတ်မှတ်ရသေးပါဘူး။ အယ်လ်ဒိုရာဒိုလေဆိပ်ဟာ လက်တင်အမေရိကရဲ့ အကြီးဆုံးလေဆိပ်တွေထဲက တခုဖြစ်ပါတယ်။ ဆောင်ရွက်ချက်အသစ်တွေကြောင့် အယ်လ်ဒိုရာဒိုလေဆိပ်ထဲမှာ လူချင်းခွာခွာနေကြဖို့၊ ဘေးကင်းရေး လုပ်ဆောင်ချက်တွေကို လုပ်ကြဖို့ အားပေးထားတဲ့ နဖူးစည်းစာတမ်းတွေကို နားနေ ဆောင်ခန်းမ အဆောက်အအုံ ပတ်လည်မှာ တွေ့ရမှာပါ။ စောင့်ဆိုင်း ဧရိယာ၊ လုံခြုံရေး စစ်ဆေးတဲ့ နေရာတွေနဲ့ လက်မှတ်ကောင်တာတွေမှာ လူချင်းခွာနေရမယ့် အမှတ်အသားတွေကို ချမှတ်ထားဖို့ ရှိပါတယ်။  လေဆိပ်ခန်းမဆောင် တလျှောက်မှာလည်း လက်ဆေးဖို့ နေရာတွေကို ထားရှိသွားမှာပါ။  ခရီးသွားချိန်မှာ ခရီးသည်တွေက ပါးစပ်နှာခေါင်းစည်းတွေကို ဝတ်ထားဖို့ လိုအပ်ပါတယ်။ လေယာဉ်မထွက်မီ လေဆိပ်ကို ရောက်ရမယ့် အချိန်ဟာလည်း ကပ်ဘေးမဆိုက်ခင်ကထက် ၂ နာရီ ပိုကြာဖို့ ရှိနေပါတယ်။  လေဆိပ်ခန်းမဆောင်က စီးပွားရေးလုပ်ငန်းတွေ ဆိုင်းငံ့ထားရတာ ရက် ၉၀ ကျော်နေပါပြီ။ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အရေးပေါ် အခြေအနေကြေညာပြီးတည်းက ခုထိ လူသားချင်း စာနာမှုဆိုင်ရာ လေကြောင်းခရီးစဉ် ၂၈၀ သာ ဆင်းသက်ရပါသေးတယ်။ 
11 months Ago
Up