စက်​ရုံမီး​လောင်​ (ရုပ်သံ)

February 4, 2018

Grand Harvest စက္ကူပုံး စက်​ရုံမီး​လောင်​ (ရုပ်သံ)

ဇန်နဝါရီ ၄ ရက်၊ အခုညနေပိုင်း ၄ နာရီခွဲလောက်မှာ လှိုင်​သာယာမြို့နယ်​၊ ​ရွှေလင်​ဗန်းစက်​မှုဇုန်၊ Grand Harvest စက္ကူပုံး စက်​ရုံမီး​လောင်​နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မီးငြှိမ်းသတ်မှုအဆင့် ၂ သတ်မှတ်ငြှိမ်းသတ်ရာကနေ နောက်ထပ် ၁၀ မိနစ်လောက်အကြာမှာတော့ အဆင့် ၃ အထိ တိုးမြှင့် ငြှိမ်းသတ်နေပါတယ်။ ညနေ ၆ နာရီ ထုတ်ပြန်ချက်မှာတော့  ပတ်ဝန်းကျင်ကို မကူးစက်အောင် ဘက်ပေါင်းစုံက ငြှိမ်းသတ်နေတယ်လို့ ဆိုပါတယ်။
4 years Ago
Up