စက်ရုံမီးလောင်

July 23, 2015

တရုတ်တွင် အိမ်သုတ်ဆေးစက်ရုံ မီးလောင်ပေါက်ကွဲ (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်မှာ အိမ်သုတ်ဆေး ထုတ်လုပ်တဲ့ စက်ရုံတရုံ ဇူလိုင် ၂၂ ရက်က မီးလောင်ခဲ့ပါတယ်။ ဂန်ကျိုးမြို့ နန်ခန်းခရိုင်က စက်ရုံမှာ မီးလောင်မှုကြောင့် ပေါက်ကွဲမှုတွေလည်း ဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှု အစီရင်ခံတာ မရှိသေးပါဘူး။ သိပ်သည်းတဲ့ မီးခိုးတွေ အနားက အဝေးပြေး လမ်းပေါ်ထိ ရောက်ခဲ့လို့ မီးသတ်တပ်ဖွဲ့က ကိုင်တွယ်ဖြေရှင်းနေပြီး ယာဉ်ကြောထိန်းသိမ်းရေး ရဲတွေက လမ်းပိုင်းကို ယာယီ ပိတ်ထားခဲ့ပါတယ်။ မီးသတ်သမားတွေက မီးကို ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်မှာ အောင်အောင်မြင်မြင် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ စတုရန်းမီတာ ၃၀၀၀ ကျယ်တဲ့ စက်ရုံရဲ့ ၃ ပုံ ၁ ပုံလောက် မီးလောင် ပျက်စီးခဲ့ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
6 years Ago
Up