စက်ရုပ်ရဲ (ရုပ်သံ)

June 2, 2017

ဒူဘိုင်းမြို့ရဲ့ ပထမဆုံး လုံခြုံရေး စက်ရုပ်ရဲ (ရုပ်သံ)

အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့ ရဲတွေဟာ ပထမဆုံး စက်ရုပ်ရဲကို ထုတ်ပြလိုက်ပါတယ်။ လမ်းတွေ ကင်းလှည့်ရေးနဲ့ ဒူဘိုင်းလုံခြုံရေးအဖွဲ့တွေကို ကူညီထောက်ပံ့ရေး စက်ရုပ်ရဲတွေကို ဖန်တီးဖို့ စီမံကိန်းရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ စက်ရုပ်ရဲတွေဟာ ဒူဘိုင်းရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းခဲ့ပြီးပါပြီ။ မြို့တွင်း လူ ထူတဲ့နေရာတွေမှာ ကင်းလှည့်ဖို့နဲ့ စက်ရုပ်ရဲရဲ့ ထိတွေ့နိုင်တဲ့ မျက်နှာပြင်ကို သုံးပြီး ရာဇဝတ်မှုတွေကို သတင်းပေးဖို့ သုံးပါတယ်။ ဒီစက်ရုပ်ရဲတွေကို နိုင်ငံသားတွေက စကားပြောနိုင်ပါတယ်၊ သူ့မှာ ကင်မရာအပြင် မျက်နှာကို မှတ်မိတဲ့ ဆော့ဖ်ဝဲလ်လည်း တပ်ဆင်ထားပါတယ်။ ဒီစက်ရုပ်ဟာ ဖုန်းဖြေဆိုနိုင်သလို ကားလိုင်စင် ပြားတွေကိုလည်း ဖတ်နိုင်ပါတယ်။ စက်ရုပ်ရဲက ရိုက်ကူးတဲ့ ရုပ်သံကတော့ ပိုင်ရှင်မဲ့အိတ်တွေက အစ ဘေးရှိတဲ့ နေရာတွေကို ရဲတွေ သတိထားမိအောင် ကူညီနိုင်ပါတယ်။ ဒါ့အပြင် အားလပ်ရက် ယူမှာ မဟုတ်သလို နာဖျားမှုလည်းရှိမှာ မဟုတ်ပါဘူး၊ ဒီအစီအစဉ် အောင်မြင်ရင် ဒူဘိုင်းရဲတွေဟာ ၂၀၃၀ မှာ ရဲကင်းတပ်ဖွဲ့ရဲ့ ၂၅ ရာခိုင်နှုန်းအတွက် လက်နက် မတပ်ဆင်ထားတဲ့ စက်ရုပ်ရဲတွေကို သုံးချင်နေပါတယ်။
4 years Ago
Up