အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ ဒေသတွင်း ရာဇဝတ်မှု တိုက်ဖျက်ရေးအတွက် အများပြည်သူတွေ သွားလာနေတဲ့ လမ်းမပေါ်မှာ စက်ရုပ်တရုပ်ထားပြီး စောင့်ကြည့်မယ့် အစီအစဉ်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
"HP Robocop" လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ဟာ အလိုအလျောက် လည်ပတ်တဲ့ စက်ရုပ်ဖြစ်ပြီး ဟန်တင်တွန်ဥယျာဉ် ရဲဌာနက ဇွန်လ ၁၈ ရက်နေ့မှာ တရားဝင် မိတ်ဆက်ခဲ့ပါတယ်။
အဲဒီစက်ရုပ်မှာ ၃၆၀ ဒီဂရီလှည့်နိုင်တဲ့ ဗွီဒီယိုကင်မရာတွေ တပ်ဆင်ထားပြီး ဥယျာဉ်ပန်းခြံနဲ့ မြို့အဆောက်အအုံ စတဲ့နေရာတွေမှာ ထားရှိသွားမှာပါ။
ဒါ့အပြင် အဲဒီစက်ရုပ်ဟာ ကင်မရာကနေတဆင့် ဗွီဒီယိုဖိုင်တွေကို ရဲဌာနချုပ်ဆီ လှမ်းပို့ပေးနိုင်တာကြောင့် အမှုအခင်း ဖြစ်လာပြီဆိုရင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လျင်လျင်မြန်မြန်၊ ဘေးကင်းကင်း တုံ့ပြန်နိုင်ပါတယ်။
"HP RoboCop" စက်ရုပ်ဟာ ပလက်ဖောင်းပေါ်မှာ လှည့်လည်သွားလာနိုင်တဲ့အပြင် လူတွေကို နှုတ်ဆက်စကားပြောနိုင်တဲ့ နည်းပညာကို သူ့ထဲမှာ ထည့်သွင်းထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago