စက်လှေ မီးလောင် (ရုပ်သံ)

January 26, 2019

ချောက်မြို့ ဇီးတောဆိပ်တွင် ဆီပေပါတင် စက်လှေ မီးလောင် (ရုပ်သံ)

မ​ကွေးတိုင်း​ဒေသကြီး​ ချောက်​မြို့ အမှတ်​ ၁ ရပ်​ကွက်​ ​ရေအိုးဇဉ်​ရပ်​ ဇီး​တောဆိပ်​မှာ ဆီ​ပေပါတွေ တင်​​ဆောင်​လာတဲ့ သံခွန်​ စက်​​လှေတစ်​စီး ဇန်​နဝါရီ ၂၅ ရက် ညပိုင်းက မီး​လောင်​မှု ဖြစ်​ပွားခဲ့ပါတယ်။ စက်လှေပေါ်မှာ  ​ဓာတ်​ဆီ ပေပါ ၁၉ လုံး၊ ဒီဇယ်​​ပေပါ အလုံး ၂၀ နဲ့ ပေပါအလွတ် အလုံး ၄၀ ပါလာပြီး ဒီဇယ်တွေကို ပန့်နဲ့ မောင်းတင်ပြီး ထည့်နေချိန်မှာ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ခဲ့တာလို့ ချောက်​မြို့နယ်​ မီးသတ်​တပ်​ဖွဲ့ဦးစီးမှူး ဦးစိုးညွှန့်​က ​ပြောပါတယ်​။ မီး​လောင်​ကျွမ်းမှုကြောင်​ ဓာတ်ဆီ ပေပါ ၉ လုံး ပွင့်ထွက်​ဆုံးရှုံးခဲ့ပြီး Foam အမြုပ်​မီးသတ်​​ဆေး အသုံးပြု ငြိမ်းသတ်​ခဲ့ရ​ပါတယ်။ မီး​လောင်​ကျွမ်းမှု​ကြောင့် ဆီတန်​ဖိုး ၁၁ သိန်း​ကျော်​ ဆုံးရှုံးခဲ့ပြီး စက်​​လှေမောင်းသူကို ​ချောက်​မြို့မရဲစခန်းမှာ ဥပ​ဒေနနဲ့အညီ စစ်​​ဆေးအ​ရေးယူ​နေတယ်လို့ သိရပါတယ်။
2 years Ago
Up