စက်လှေပေါ်ခုန်တက်ပြီး ပရိသတ်များကို ထိတ်လန့်စေခဲ့သည့် လင်းပိုင်

May 4, 2016

စက်လှေပေါ်ခုန်တက်ပြီး ပရိသတ်များကို ထိတ်လန့်စေခဲ့သည့် လင်းပိုင် (ရုပ်သံ)

မက္ကဆီကို ပင်လယ်တလျှောက်မှာ စက်လှေနဲ့ လင်းပိုင်ကြည်ဖို့ ပင်လယ်ထဲကိုသွားတဲ့ ခရီးသွားတွေ စီးနင်းတဲ့ စက်လှေပေါ်ကို လင်းပိုင်တကောင် ခုန်ပေါက်ရင်း ရောက်လာပါတယ်။ ခရီးသွားတွေ စီးနင်းလာတဲ့ စက်လှေတွေနံဘေးမှာ လင်းပိုင်တွေက ခုန်ပျံ လိုက်ပါလာရင်း စက်လှေပေါ် မတော်တဆနဲ့ ရောက်လာတာ ဖြစ်ပါတယ်။ လှေရှေ့ပိုင်းမှာ စီးနင်းတဲ့သူတွေက ကြောက်ရွံ့လို့ ထွက်ပြေးကြသလို တချို့ကလည်း ဘာလုပ်ရမသိ ဖြစ်နေပါတယ်။ ဒီနောက် တခြားစက်လှေတစီးက ကပ်လာပြီး လင်းပိုင်ကို အ၀တ်စိုတွေနဲ့ ပတ်လိုက်ပြီး ရေထဲကို ပြန်ချပေးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီလင်းပိုင်က သူ့အဖော်တွေနဲ့အတူ ပင်လယ်ထဲမှာ ပြန်လည် ကူးခတ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
6 years Ago
Up