စက်လှေငယ်တစီး တိုက်မိ

February 1, 2018

ချင်တွင်းမြစ်အတွင်း အမြန်ရေယာဉ်နှင့် စက်လှေငယ်တစီး တိုက်မိ

မင်းကင်းမြို့နယ်​ ​ရေ​မြေ​ကျေးရွာအနီးနားမှာ ဖောင်းပြင်ကနေ မုံရွာကို အစုန်ဆင်းလာတဲ့ ခရီးသည်တင် အမြန်ရေယာဉ်တစီးနဲ့ စက်လှယ်ငယ်တစီးတို့ မနေ့ ညနေ ၆ နာရီခွဲလောက်က ချင်းတွင်းမြစ်ထဲမှာ တိုက်မိခဲ့ပါတယ်။ မင်းကင်းမြို့မရဲစခန်းမှူး ဒုရဲမှူးကိုဌေးက “ကလေးဝကနေ ညနေ လေးနာရီလောက်က စုန်ဆင်းလာတဲ့ ရွှေပြည်ကမ္ဘာ အမြန်ယာဉ်နဲ့ မင်းကင်းကို လစာလာထုတ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပါတဲ့ ဒေသအသုံးပြု စက်လှေငယ်နဲ့ တိုက်မိတာပါ။ စက်လှေငယ်က အမြန်ယာဉ်ခေါင်းပိုင်း ဝင်မိတာ။ ဖြစ်စဉ်မှာတော့ စက်လှေအမိုး ပျက်စီးတာကလွဲပြီး စက်လှေမှောက်တာ လူထိခိုက်တာ မရှိဘူး”လို့ ပြောပါတယ်။ အမြန်ယာဉ်ပေါ်မှာ ခရီးသည်​ ၅၀ ဦးလောက် တင်ဆောင်လာပြီး စက်လှေငယ်ပေါ်မှာတော့ ကျောက်တန်းအုပ်စု လျှော်ဖြူပင်ရွာ အုပ်ချုပ်ရေးမှူးအပါ ၁၇ ဦး လိုက်ပါလာတာ ဖြစ်ပါတယ်။ ရေယာဉ်မောင်းသူ နှစ်ဦးစလုံးကို အန္တရာယ်​ဖြစ်​​စေ​အောင်​ ပေါ့​လျော့စွာ​ ​မောင်းနှင်​ခဲ့​မှုနဲ့ အရေးယူသွားမယ်လို့  ဒုရဲမှူးကိုဌေးက ပြောပါတယ်။ သတင်း - မင်းရဲစစ်နိုင်
3 years Ago
Up