စက်လှေကားထဲ ခြေထောက်ညပ်သည့် ၃ နှစ်သမီးကလေးငယ်ကို ကယ်တင်

A d v e r t i s e m e n t With Us

May 6, 2016

စက်လှေကားထဲ ခြေထောက်ညပ်သည့် ၃ နှစ်သမီး ကလေးငယ်ကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှာ မေလ ၂ ရက်နေ့က အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးဟာ စက်လှေကားတခုထဲမှာ ခြေထောက်ညပ်ခဲ့လို့ ကယ်ဆယ်ရေးသမားတွေက ကယ်တင်ခဲ့ရပါတယ်။ ရှန့်ဇန်မြို့၊ ဈေးဝယ်စင်တာတခုထဲမှာ ကလေးငယ်ဟာ သွားနေတဲ့ စက်လှေကားထဲ ညာဘက်ခြေထောက် မတော်တဆ ညပ်မိခဲ့တာပါ။ အဲဒီအချိန်မှာ အနီးနားက မျက်မြင်တွေ့တဲ့ ဈေးဝယ်တဦးဟာ စက်လှေကား မောင်းနှင်တဲ့ လျှပ်စစ်ပါဝါကို အလျင်အမြန် ဖြတ်တောက်ခဲ့တာပါ။ မကြာခင်မှာပဲ ဒေသတွင်း မီးသတ်သမားတွေဟာ အချိန်မီလာရောက်ခဲ့တဲ့အတွက် ကလေးငယ်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးငယ်ရဲ့ ညာဘက်ခြေထောက်ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ခံရမှာ ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up