စက်ဘီးစီးခိုင်း

March 9, 2018

နယူးဇီလန် ကုမ္ပဏီတခု ဝန်ထမ်းများကို ၅ ဒေါ်လာပေးပြီး ကားအစား စက်ဘီးစီးခိုင်း

နယူးဇီလန် ကုမ္ပဏီတခုဖြစ်တဲ့ Make Collective ဟာ သူရဲ့ ဝန်ထမ်းတွေကို အလုပ်လာတဲ့ခရီးမှာ မော်တော်ကားအစား စက်ဘီးစီးခိုင်းပြီး အဲဒီအတွက် တနေ့ ၅ ဒေါ်လာ ပေးတဲ့ အစီအစဉ်ကို စတင်နေပါတယ်။ အဲဒီကုမ္ပဏီ ဝက်ဘ်ဒီဇိုင်နာတဦးက “မြန်စရာ မလိုရင်တော့ ကြာချိန်က  အတူတူလောက်ပါပဲ။ ယာဉ်ကြောကျပ်ချိန် အိမ်ပြန်ရင် တန်းစီစောင့်စရာ မလိုတော့ဘဲ မီးပွိုင့်တခုပဲ စောင့်ရတယ်” လို့ ပြောပါတယ်။ တကယ်လို့ အဲဒီဝန်ထမ်းသာ ၆ လကျော်တဲ့အထိ နေ့စဉ် စက်ဘီးစီးလာမယ်ဆိုရင်  ကုမ္ပဏီက တနေ့ကို ၁၀ ဒေါ်လာ ပေးမယ်လို့ သိရပါတယ်။ ကုမ္ပဏီ ဒါရိုက်တာက စက်ဘီးစီးတဲ့အတွက် ပိုပြီးကျန်းမာကာ အားအင်ပိုပြည့်ဝပြီး အလုပ် မရောက်ခင် သွေးလည်ပတ်မှု ကောင်းစေတယ်လို့လည်း ပြောခဲ့ပါတယ်။ ဝန်ထမ်းတဦးကလည်း “ပုံမှန်ဆို ကားမောင်းပါတယ်။ အခုလို မက်လုံးပေးတော့  စက်ဘီးစီးဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်” လို့ ပြောပါတယ်။
3 years Ago
Up