စက်တင်ဘာ ၁၁ တိုက်ခိုက်ခံရမှု အထိမ်းမှတ် အလံရှည်ကြီးဖြန့်ချ (ရုပ်သံ)

A d v e r t i s e m e n t With Us

September 12, 2015

စက်တင်ဘာ ၁၁ တိုက်ခိုက်ခံရမှု အထိမ်းမှတ် အလံရှည်ကြီးဖြန့်ချ (ရုပ်သံ)

အမေရိကန်နိုင်ငံကို စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု ၁၄ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပင်တဂွန် စစ်ဌာနချုပ်မှာ အလံရှည်ကြီး စက်တင်ဘာ ၁၁ ရက်နေ့ ဖြန့်ချခဲ့ပါတယ်။ ဒီဓလေ့ကို ၂၀၀၁ စက်တင်ဘာ ၁၂ ရက်က စခဲ့တာပါ။ ပင်တဂွန် စစ်ဌာနချုပ်ကို အယ်လ်ကိုင်းဒါးအဖွဲ့ဝင်တဦးက လေယာဉ်နဲ့ ဝင်တိုက်ခဲ့လို့ ပျက်စီးသွားတဲ့ အဆောက်အဦတလွှား အလံကြီးနဲ့ ဖုံးလွှမ်းထားခဲ့တာပါ။ ကာကွယ်ရေး အဲ့ရှ်ကာတာက ပင်တဂွန်မှာ သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးတွေအတွက် ကိုယ်ရေးကိုယ်တာ သတိရမှု အခမ်းအနားကို တည်ခင်းကျင်းပဖို့လည်း ရှိနေပါတယ်။ အာဖဂန်နစ္စတန်ကို ရောက်နေတဲ့ နေတိုးစစ်တပ်ကလည်း အမေရိကန်ကို အယ်လ်ကိုင်းဒါးတွေ တိုက်ခိုက်တာ ခံရတဲ့ စက်တင်ဘာ ၁၁ အခမ်းအနားကို  မြို့တော်ကဘူးလ်မှာ ကျင်းပခဲ့ပါတယ်။ ဒါဟာ အကြမ်းဖက်မှုစစ်ပွဲအတွင်း သေဆုံးခဲ့သူတွေနဲ့ ဒီစစ်ပွဲအတွက် စွန့်လွှတ်စွန့်စား ခဲ့သူတွေအတွက် သတိရတဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ ညှိနှိုင်းစီစဉ်ဆောင်ရွက်ထားတဲ့ အသေခံ တိုက်ခိုက်မှုအတွက် မွတ်စလင် အစွန်းရောက် ၁၉ ယောက်က လေယာဉ်တွေကို အပိုင်စီးခဲ့ကြပြီး အမေရိကန် ကုန်သွယ်ရေး မျှော်စင်ညီနောင်၊ ပင်တဂွန် စစ်ဌာနချုပ်တို့ကို ဝင်တိုက်ခဲ့ကြတာပါ။ လေယာဉ်တစီးကတော့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ထဲက လယ်ကွင်းထဲ ပျက်ကျခဲ့ပါတယ်။
5 years Ago
Up