စက်တင်ဘာလအတွင်း

September 8, 2017

စက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

အခုနှစ် စက်တင်ဘာလ အတွင်းဘင်္ဂလားပင်လယ်အော်မှာ လေဖိအား နည်းရပ်ဝန်း(၁) ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ(၁၅-၂၀)ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှ အနောက်တောင်မုတ်သုန်လေ ဆုတ်ခွာသွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီကနေ့မနက် ၁၀နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်တင့်ရှိနေတယ်လို့ ဆိုပါတယ်။ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက်နဲ့  ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်မှာ  လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့်။ (၄)ပေမှ (၇)ပေခန့်ထိရှိနိုင်တယ်လို့ လည်း မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။
4 years Ago
Up