စကော့တလန်

December 23, 2020

ပျောက်ဆုံးသွားသည့် နှစ်သက်တမ်း ၅၀၀၀ ရှိ ရှေးဟောင်းပစ္စည်းတစ်ခု ပြန်တွေ့

ဆယ်စုနှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ အီဂျစ်ရှေးဟောင်းပစ္စည်းတစ်ခုကို စကော့တလန် အဘာဒင်းတက္ကသိုလ်မှာရှိတဲ့ ဝန်ထမ်းတစ်ဦးက ဆေးပြင်းလိပ်သေတ္တာတစ်ခုထဲကနေ အခုလအတွင်းမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။   ရှာတွေ့ခဲ့တဲ့ပစ္စည်းဟာ နှစ်သက်တမ်း ၅၀၀၀ ရှိတဲ့ ယင်းသစ်အစ တစ်ခုဖြစ်ပြီး ဒါဟာ  ဂစ်ဇာကဂရိတ် ပိရမစ်တွေတည်ဆောက်ရာမှာ အသုံးပြုခဲ့တာလို့ ယူဆရပါတယ်။  ဒီလိုမျိုးပျောက်ဆုံးနေတဲ့ ရှေးဟောင်းပစ္စည်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းအတွက် ဝမ်းမြောက်မိတယ်လို့ လက်ထောက်ပြတိုက်မှူး  အဘီယာ အယ်လ်အဒါနီကပြောပါတယ်။  ဒီပစ္စည်းကို အင်ဂျင်နီယာ ဝန်မန်းဒီယွန်က ပိရမစ်ကို လေ့လာမှုပြုလုပ်ခဲ့တဲ့ ၁၈၇၂ ခုနှစ်မှာ တွေ့ရှိခဲ့တာကြောင့် ဒီယွန်ရဲ့အမွေလို့ အမည်ပေးထားပြီး ပျောက်မသွားခင် ၁၉၄၆ ခုနှစ်မှာ ပြတိုက်ကို လှူဒါန်းခဲ့တယ်လို့ ဘီဘီစီသတင်းမှာဖော်ပြပါတယ်။  ဂရိတ်ပိရမစ်ကတင် ထောင်စုနှစ်တစ်ဝက်စာ သက်တမ်းရှိတာကြောင့် ဒီရှေးဟောင်းပစ္စည်းရဲ့ သက်တမ်းအစစ်အမှန်ဟာ ပဟေဠိအဖြစ်ရှိနေဆဲပါ။
4 months Ago

November 16, 2020

စလိုဗက်ကီးယားအသင်းနှင့် ယှဉ်ပြိုင်မည့် စကော့တလန် လူစာရင်းတွင် ရော်ဘတ်ဆန် မပါဝင်

စလိုဗက်ကီးယားအသင်းနဲ့ ယှဉ်ပြိုင်မယ့် စကော့တလန်အသင်းရဲ့ လူစာရင်းမှာ အသင်းခေါင်းဆောင် အန်ဒီရော်ဘတ်ဆန် ပါဝင်ခဲ့ခြင်း မရှိပါဘူး။  လီဗာပူး နောက်ခံလူဟာ ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှုမှာလည်း တံကောက်ကြောဒဏ်ရာ အခြေအနေကြောင့် ကန်သွင်းခဲ့ခြင်း မရှိပါဘူး။ ရော်ဘတ်ဆန်ဟာ စလိုဗက်ကီးယားအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိတယ်လို့ စကော့တလန်အသင်းနည်းပြ စတိဗ်ကလပ်ခ်က မနေ့က ပြောဆိုခဲ့ကာ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အသင်းလူစာရင်းမှာ ရော်ဘတ်ဆန်ဟာ အရန်လူစာရင်းမှာတောင် မပါဝင်ခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာအခြေအနေဟာ လီဗာပူးအသင်းအတွက် နောက်ထပ်ထိုးနှက်ချက် တစ်ခုဖြစ်လာပြီး နည်းပြ ယာဂန်ကလော့ပ်ကတော့ အားထားရတဲ့ ဘယ်နောက်ခံလူရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။ ကလော့ပ်ဟာ အသင်းရဲ့နောက်တန်းမှာ ဗန်ဒိုက်ကို ဒူးဒဏ်ရာကြောင့် ကာလရှည် ဆုံးရှုံးထားရပြီ ဖြစ်ကာ ဂိုးမက်ဇ်ဟာလည်း နိုင်ငံအသင်းနဲ့အတူ ရှိနေစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည်အနားယူရတော့မှာ ဖြစ်ပါတယ်။  အာနိုးနဲ့ ဖာဘင်ဟိုတို့ဟာလည်း ဒဏ်ရာကြောင့် အနားယူနေရတာကြောင့် ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာသာ ပြင်းထန်ခဲ့မယ်ဆိုရင် ကလော့ပ်ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကစားရမယ့် လက်စတာအသင်းနဲ့ပွဲမှာ ပင်မနောက်ခံလူတွေ မပါတဲ့ လူစာရင်းတစ်ခုကို ဖန်တီးရတော့မှာ ဖြစ်ပါတယ်။  ကလော့ပ်အနေနဲ့ စကော့တလန်လူစာရင်းမှာ ရော်ဘတ်ဆန်‌ မပါဝင်နိုင်တာဟာ ကြိုတင်ကာကွယ်တဲ့ လုပ်ရပ်တစ်ခု ဖြစ်စေဖို့ မျှော်လင့်ရမှာဖြစ်ပြီး ဒဏ်ရာအတိမ်အနက်ကိုတော့ လာမယ့်ရက်တွေမှာ သိရမှာဖြစ်ပါတယ်။
5 months Ago

လီဗာပူး နောက်ခံလူ ရော်ဘတ်ဆန် စကော့တလန်အတွက် ကစားပေးစဉ် ဒဏ်ရာရရှိ

လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်ဟာ စကော့တလန်အသင်းနဲ့ ကစားစဉ် ဒဏ်ရာရခဲ့လို့ အနားယူနေရပါတယ်။  နောက်ခံလူတွေဒဏ်ရာရနေတဲ့ လီဗာပူးအသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ အာနိုးလ်နဲ့ ဖာဘင်ညိုတို့ဟာလည်း ဒဏ်ရာကိုယ်စီ ရရှိထားကြတာပါ။  စကော့တလန်အသင်း ခေါင်းဆောင် ရော်ဘတ်ဆန်ဟာ ဆားဘီးယားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။  အဲဒီနောက် တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ဆလိုဗက်ကီးယားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ နိုဝင်ဘာ ၁၉ ရက်မှာ အစ္စရေးနဲ့ ကစားမယ့်ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ မသေချာသေးဘဲ လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။
5 months Ago
More News
Up