စကိတ်စီးပြီး ဂင်းနက်စ် နှစ်ထပ်ကွမ်းစံချိန်တင်သည့် အံ့ဖွယ် ၉ နှစ်သားကလေးငယ်

May 10, 2017

စကိတ်စီးပြီး ဂင်းနက်စ် နှစ်ထပ်ကွမ်းစံချိန်တင်သည့် အံ့ဖွယ် ၉ နှစ်သားကလေးငယ် (ရုပ်သံ)

အိန္ဒိယနိုင်ငံမှ အသက် ၉ နှစ်အရွယ် ကလေးငယ်တဦးဟာ ဘားတန်းနိမ့်နိမ့်တွေ အောက်မှာ ငုံ့လျှိုးကာ စကိတ်စီးနင်းပြခဲ့ပြီး ဂင်းနက်စ် ကမ္ဘာ့စံချိန် ၂ ထပ်ကွမ်း တင်နိုင်ခဲ့ပါတယ်။ ထိလပ်ခ်ကိုင်ဆမ် အမည်ရတဲ့ အဲဒီကလေးငယ်ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မဏိပူရ်မြို့မှာ နေထိုင်တာဖြစ်ပြီး ဘားတန်းပေါင်း ၁၄၆ တန်းအောက်ကနေ အကွာအဝေး ၁၄၅ မီတာကို အချိန် ၅၆ ဒသမ ၀၁ စက္ကန့်အတွင်းမှာ ဘာနဲ့မှမထိဘဲ ဖြတ်သန်းပြနိုင်ခဲ့တာပါ။ မေလ ၃ ရက်နေ့က စွမ်းရည်ပြခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ သူ့အတွက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့စံချိန်ချိုးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပထမအကြိမ် စံချိန်တင်ထားနိုင်ခဲ့တာပါ။ ပျော့ပြောင်းလှတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ဘားတန်းနိမ့်တွေအောက် လျှောဆင်းပြီး စွမ်းရည်ပြခဲ့တာဟာ တကယ့်ကို ရင်သပ်ရှုမော အံ့သြစရာ ဖြစ်ခဲ့ပါတယ်။
4 years Ago
Up