အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း တာရုပတီက အသက် ၈ နှစ်ကလေးက ခြေထောက် ၂ ဘက်ကိုဆန့် ၀ပ်တွားပြီး မြေကြီးနဲ့ ၇ လက်မ အကွာ ကား ၅၃ စီးအောက်ကနေ စကိတ်စီးပြခဲ့ပါတယ်။
ဒေ၀ီဆရီ ပရာဆက်က ၂၂ ဒသမ ၅၉ စက္ကန့်နဲ့ မီတာ ၁၀၀ နီးပါး စီးပြခဲ့တာဖြစ်ပြီး အရင်က မီတာ ၃၀ နဲ့ ဂင်းနစ်စံချိန်တင်ထားတာကို ချိုးဖျက်ဖို့ ကြိုးစားနေပါတယ်။
ကားတွေအောက်မှာ အမြန်ဆုံး စကိတ်စီးပြနိုင်သူ၊ အရှည်ဆုံး စကိတ်စီးပြနိုင်သူ၊ မြေကြီးနဲ့ အနီးဆုံး စကိတ်စီးပြနိုင်သူနဲ့ နောက်ပြန် စကိတ်စီးနိုင်တဲ့သူအဖြစ် ကမ္ဘာ့စံချိန်ချိုးနိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။
မူလတန်း ကျောင်းသားလေးကို ဖခင်က လေ့ကျင့်ပေးခဲ့ကာ အစ်မဖြစ်သူ စကိတ်စီးတာကို ကြည့်ပြီး စကိတ်စီးဖို့ ၀ါသနာပါလာတာ ဖြစ်ပါတယ်။
ဒီလို စကိတ်စီးနိုင်ဖို့ မနက် ၃ နာရီ၊ ည ၃ နာရီ လေ့ကျင့်တယ်လို့ ဆိုပါတယ်။
8 years Ago