စကားဝိုင်းဆွေးနွေးပွဲ

July 12, 2020

ကိုဗစ်ကာလ ရပ်နားထားသည့် စကားဝိုင်းဆွေးနွေးပွဲများ MRCCI တွင် ပြန်ကျင်းပမည်

ကိုဗစ်-၁၉ ကာလ ရပ်နားထားတဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကို ပြန်လည်ကျင်းပတော့မယ်လို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MRCCI က ပြောပါတယ်။ ဒီလိုကျင်းပရာမှာ ကိုဗစ်-၁၉ ကူးစက်နိုင်မှုကို သတိပြုတဲ့အနေနဲ့ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခြား အကွာအဝေးမှာ ထားရှိတာ၊ ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးကန် ထားရှိတာတွေ စနစ်တကျ လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ အလွန် ကာလမှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘယ်လိုပြန်လည်ဦးမော့နိုင်မလဲဆိုတဲ့ ဆွေးနွေးချက်တွေ ပါဝင်တဲ့ “COVID-19 & Myanmar Economy- Past, Present & Future” စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲကို မန္တလေးမြို့ MRCCI ရုံးမှာ ဇူလိုင် ၁၂ ရက်နေ့ မွန်းလွဲပိုင်း စတင်ပြုလုပ်မယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲမှာ ကိုဗစ်-၁၉ မတိုင်မီ မြန်မာ့စီးပွားရေးအခြေအနေတွေ၊ ကိုဗစ်-၁၉ ကာလအတွင်း ရင်ဆိုင်ကျော်ဖြတ်ရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေ နဲ့ ကိုဗစ်-၁၉ အလွန်ကာလမှာ ပြန်လည်ဦးမော့နိုင်စေဖို့ ရေတို ရေရှည် မဟာဗျူဟာတွေ ချမှတ်နိုင်စေဖို့ ဆွေးနွေးမှုတွေ ပါဝင်မှာလည်း ဖြစ်ပါတယ်။ MRCCI ရဲ့ အတွင်းရေးမှူး ဦးဥက္ကာကျော်က “ဘယ်လို recovery plan ပြန်လုပ်ကြမလဲ၊ ကျနော်တို့ အကြံဉာဏ်တွေ၊မတူညီတဲ့ အမြင်၊မတူညီတဲ့ ရှုထောင့်တွေကနေ ဆွေးနွေးကြမယ်။ ပြီးလို့ရင်တော့ new normal နဲ့ ဘယ်လိုပုံစံသွားကြမလဲ။ အခုက new normal လို့ပြောကြတယ်။ အလုပ်ကတော့ ကိုယ့်လုပ်ငန်း ပုံမှန်လုပ်ရမှာပဲ၊ လုပ်ပေမယ်လို့ ဘယ်လိုပုံစံအသစ်နဲ့ ဒါကို ဘယ်လို သွားကြမလဲ။ အဓိကကတော့ ဒါတွေ ဆွေးနွေးမယ့်ဟာတွေ၊ နောက်တစ်ခုကတော့ လုပ်ငန်းတစ်ခုကို စတည်ထောင်တာ၊ သမားရိုးကျ အရင်တုန်းက လုပ်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ မတူပဲနဲ့ ဘယ်လို နည်းလမ်းဗျူဟာတွေနဲ့ ခင်းကျင်းပြီး ဆောင်ရွက်ကြမလဲ အဓိက ဆွေးနွေးမယ်၊ နောက်ပြီး ပြည်သူလူထုနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားတွေရှိလဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒါပြန်လည်ထူထောင်ကြမယ့်ကာလဆိုတဲ့ခါကျတော့ ပုဂ္ဂလိက ကဏ္ဍတရပ်အနေနဲ့ကလည်း ဒါကထူထောင်ဖို့ အခက်အခဲတွေက အများကြီးရှိပါတယ်” လို့ ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးဖရတ်ဆင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲမင်းဦးနဲ့ MRCCI အသင်းရဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းတို့ ဆွေးနွေးမယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
2 years Ago

September 14, 2019

ရန်ကုန်မြို့ စွန့်ပစ်အမှိုက် လျှော့ချရေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကမ္ဘာ့သန့်ရှင်းရေးနေ့ ၂၀၁၉ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ စွန့်ပစ်အမှိုက် စိန်ခေါ်မှုပြဿနာတွေ ဘယ်လို အကောင်းဆုံးနည်းလမ်းသုံးပြီး လျှော့ချသွားမလဲ ဆိုတဲ့ ဆွေးနွေးပွဲစကားဝိုင်းကို စက်တင်ဘာ ၁၄ ရက်က ဘိုကလေးဈေးလမ်းမှာရှိတဲ့ ပန်သူရိယမှာ ကျင်းပခဲ့ပါတယ်။  အဲဒီစကားဝိုင်းကိုတော့ ဒို့အိမ်အဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး စွန့်ပစ်ပစ္စည်း လုပ်ငန်းနယ်ပယ်က အရပ်ဘက်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အနုပညာရှင်တွေ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။  ဆွေးနွေးပွဲမှာတော့ စွန့်ပစ်အမှိုက်လျှော့ချရေးအတွက် ပလတ်စတစ် လျှော့ချရေး၊ စွန့်ပစ်အမှိုက်တွေကို ပြန်လည်အသုံးပြုတာတွေနဲ့ အမှိုက်စွန့်ပစ်ဖို့ အသိပညာပေးတဲ့ အစီအစဉ် စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။  လူဦးရေ ၅ သန်းကျော် နေထိုင်တဲ့ ရန်ကုန်မြို့မှာတော့ နေ့စဉ် အမှိုက်တန်ချိန် ၂၅၀၀ ထွက်ရှိနေပါတယ်။ ဒါ့အပြင် နေ့စဉ် လူတယောက် အမှိုက်စွန့်ပစ်မှုက ဝ ဒသမ ၄၁၃ ကီလို ရှိတယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ရန္ကုန္ၿမိဳ႕ စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရး စကားဝိုင္းေဆြးေႏြးပြဲ က်င္းပ ကမာၻ႔သန႔္ရွင္းေရးေန႔ ၂၀၁၉ အထိမ္းအမွတ္အျဖစ္ ရန္ကုန္ၿမိဳ႕မွာ စြန႔္ပစ္အမႈိက္ စိန္ေခၚမႈျပႆနာေတြ ဘယ္လို အေကာင္းဆုံးနည္းလမ္းသုံးၿပီး ေလွ်ာ့ခ်သြားမလဲ ဆိုတဲ့ ေဆြးေႏြးပြဲစကားဝိုင္းကို စက္တင္ဘာ ၁၄ ရက္က ဘိုကေလးေဈးလမ္းမွာရွိတဲ့ ပန္သူရိယမွာ က်င္းပခဲ့ပါတယ္။ အဲဒီစကားဝိုင္းကိုေတာ့ ဒို႔အိမ္အဖြဲ႕က ဦးေဆာင္က်င္းပတာျဖစ္ၿပီး စြန႔္ပစ္ပစၥည္း လုပ္ငန္းနယ္ပယ္က အရပ္ဘက္အဖြဲ႕အစည္းေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ အႏုပညာရွင္ေတြ ပါဝင္ေဆြးေႏြးခဲ့ၾကတာပါ။ ေဆြးေႏြးပြဲမွာေတာ့ စြန႔္ပစ္အမႈိက္ေလွ်ာ့ခ်ေရးအတြက္ ပလတ္စတစ္ ေလွ်ာ့ခ်ေရး၊ စြန႔္ပစ္အမႈိက္ေတြကို ျပန္လည္အသုံးျပဳတာေတြနဲ႔ အမႈိက္စြန႔္ပစ္ဖို႔ အသိပညာေပးတဲ့ အစီအစဥ္ စတာေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ လူဦးေရ ၅ သန္းေက်ာ္ ေနထိုင္တဲ့ ရန္ကုန္ၿမိဳ႕မွာေတာ့ ေန႔စဥ္ အမႈိက္တန္ခ်ိန္ ၂၅၀၀ ထြက္ရွိေနပါတယ္။ ဒါ့အျပင္ ေန႔စဥ္ လူတေယာက္ အမႈိက္စြန႔္ပစ္မႈက ဝ ဒသမ ၄၁၃ ကီလို ရွိတယ္လို႔ သိရပါတယ္။
2 years Ago
Up