စကားဝိုင်း

March 7, 2019

ယောနိတို့၏ စကားဝိုင်း ရန်ကုန်တွင်ကျင်းပ

စိတ်ခွန်အားဖြစ်စရာ၊ ပျော်ရွင်စရာ၊ ရဲဝံ့ဖွယ်ရာ၊ ဝမ်းနည်းဆွေးမြေ့ဖွယ်ရာဖြစ်တဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ အမျိုးသမီးပစ္စည်း ယောနိအကြောင်း ရည်ညွှန်းပုံဖော်ထားပြီး ဇာတ်လမ်းတိုလေးတွေနဲ့ စုစည်းထားတဲ့ ယောနိတို့ရဲ့စကားဝိုင်းကို ရန်ကုန်မှာ ကျင်းပနေပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ဖို့နဲ့ ဗဟုသုတ ပိုမိုရရှိလာဖို့အတွက်ရည်ရွယ်ပြီး ယောနိစကားဝိုင်းကို ကျင်းပတာ ဖြစ်တယ်လို့ မြန်မာယောနိစကားဝိုင်း စီစဉ်သူ နန္ဒာကပြောပါတယ်။ နိုင်ငံတကာက တက်ကြွလှုပ်ရှားသူတွေရဲ့ ကမ္ဘာတ၀န်း လှုပ်ရှားမှုတခုအဖြစ် ယောနိစကားဝိုင်းတွေကို ဖျော်ဖြေတင်ဆက်လေ့ရှိပြီး ဒုတိယမြောက်နှစ်အတွက် မတ်လ ၅ ရက်ကနေ ၈ ရက်အထိ ၄ ရက်တိုင် ကျင်းပမှာ ဖြစ်ပါတယ်။
2 years Ago

November 2, 2018

ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး စကားဝိုင်း မန္တလေးတွင်ကျင်းပ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး ဘူတာကြီးအပေါ်ထပ် Marvel ဟုမှာ အောက်တိုဘာ ၃၁ ရက်နေ့က  ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်နဲ့ စကားဝိုင်းပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းထွေးခင်မှူံ၊ စာရေးဆရာ ညီပုလေးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်​။ ပွဲစီစဉ်​တဲ့ ဦးမိုးမင်းအောင်က “အဓိက ဒီပွဲလုပ်ရတာက ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေး ကဏ္ဍတွေမှာ လူထုကိုယ်တိုင်ပူးပေါင်းပါဝင်မှု မြင့်တက်စေဖို့ နောက်ပြီးတော့ ဒေသတွင်းမှာ ဖြစ်လာတဲ့ ပဋိပက္ခတွေကို လူထုကိုယ်တိုင်သိရှိ ဖြေရှင်းနိုင်အောင် ရည်ရွယ်ပြီးကျင်းပတာ” လို့ ပြောပါတယ်။ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ ဆက်စပ်မှု၊ လက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်​။ တရားဥ​ပဒေစိုးမိုး​ရေးနဲ့ ငြိမ်းချမ်း​ရေးဟာ အဓိကအကျဆုံးဖြစ်​သလို ဒီနှစ်​ချက်​စလုံးရရှိဖို့ အရေးတကြီးလိုအပ်​နေတယ်လို့  တက်​​ရောက်​လာသူ​တွေက ​ ဆွေးနွေးပြောဆိုခဲ့ကြပါတယ်​။ အောင်အောင်နိုင်
3 years Ago
More News
Up