ဘရူနိုဖာနန်ဒက်စ်က အကောင်းဆုံးအသင်းဖော်ဖြစ်တယ်လို့ အင်တာမီလန်နောက်ခံလူ စကင်နီယာက ပြောပါတယ်။
စကင်နီယာနဲ့ ဖာနန်ဒက်စ်တို့ဟာ အီတလီကလပ် ဆမ်ဒိုးရီးယားအသင်းမှာ တနှစ်ကြာ အတူ ကစားခဲ့ကြသူတွေဖြစ်ပါတယ်။
အင်တာမီလန်အသင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတခုတော့ ကစားသမားဘဝတလျှောက် အကောင်းဆုံး အသင်းဖော်တွေအကြောင်း မေးမြန်းခဲ့ရာမှာ ဖာနန်ဒက်စ်ကို စကင်နီယာက ညွှန်းဆိုခဲ့တာပါ။
စကင်နီယာအနေနဲ့ အကြိုက်ဆုံးကစားသမားက ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုဖြစ်ပြီး ထိန်းချုပ်ရ အခက်ဆုံးတိုက်စစ်မှူးတွေကတော့ စီရော်နယ်ဒို၊ မက်ဆီ၊ အမ်ဘာပေနဲ့ ဇလာတန် အီဗရာဟီမိုဗစ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
12 months Ago