ငှက်ရာချီသေဆုံး

A d v e r t i s e m e n t With Us

January 4, 2021

နှစ်သစ်ကူးအခမ်းအနားများအပြီး ရောမမြို့တွင် ငှက်ရာချီသေဆုံး (ရုပ်သံ)

လမ်းမတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ငှက်သေတွေကို အီတလီနိုင်ငံသားတစ်ဦးက ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီယေဂိုဖန်နစ်ချီယာလို့ ခေါ်တဲ့ အမျိုးသားတစ်ဦးက ဇန်နဝါရီ ၁ ရက်နေ့က မြို့တော်ရောမမြို့အတွင်း ကားမောင်းနေချိန်မှာ အခုလိုတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။  ဖန်နစ်ချီယာက “ဟေ့လူတွေ၊ ဒါဟာလူသားတွေရဲ့ မီးရှုးမီးပန်းတွေ၊ ဗြောက်အိုးတွေကြောင့် ဖြစ်ရတာပါ။ ငှက်တွေရာချီ သေဆုံးခဲ့ရပြီ။ လမ်းပေါ်မှာ ငှက်သေအကောင် ရာပေါင်းများစွာဖြစ်နေပြီ။ ဒါဟာ အရမ်းရှက်ဖို့ကောင်းပါတယ်။ ဝမ်းနည်းဖို့လည်း ကောင်းပါတယ်။ မယုံနိုင်လောက် အောင်ကိုပါပဲ။ ငါ့ရဲ့အပျော်လေးတွေကတော့ ဒီမြင်ကွင်းကြောင့် ပျောက်ကုန်ပါပြီ” လို့  ပြောပါတယ်။ သူဟာ ငှက်သေပုံတွေကို ဗီယာကာဗာမှာရှိတဲ့ ဓာတ်ဆီဆိုင်တစ်ခုအနီးမှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး လူမှုကွန်ရက်ပေါ်ကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ ဘာကြောင့် ငှက်တွေ သေခဲ့ရတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ တိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရေးနိုင်ငံတကာအဖွဲ့က‌တော့ မီးရှူးမီးပန်းတွေကြောင့် ငှက်တွေ သေရတာလို့ သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။  ဒီဇင်ဘာ ၃၁ ရက်ကနေ ဇန်နဝါရီ ၆ ရက်အထိ မီးရှူးမီးပန်းဖောက်ခြင်းကို ရောမမြို့တော်ဝန်က တားမြစ်ထားပေမယ့် နှစ်သစ်ကူးအခမ်းအနားမှာ လူထောင်ပေါင်းများစွာက မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့ပါတယ်။
2 months Ago
Up