ငွေမက်

March 23, 2020

အူဘာမီယန်း မန်ယူကို ပြောင်းပါက ငွေမက်ခြင်းကြောင့်ဟု ပေါလ်မာဆင် ပြော

အာဆင်နယ်တိုက်စစ်မှူး ပယ်ရီအန်မရစ်ခ်အူဘာမီယန်သာ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အောင်မြင်မှုရဖို့ရည်မှန်းချက်ရှိလို့မဟုတ်ဘဲ ငွေမက်လို့သာ ဖြစ်တယ်လို့ ပေါလ်မာဆင်ကပြောကြားလိုက်ပါတယ်။  အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အူဘာမီယန်ဟာ အသက်အရွယ်အရ အခုအပြောင်း အရွှေ့ဟာ နောက်ဆုံးပြောင်း‌ရွှေ့မှု တခုသာဖြစ်လာဖွယ်ရှိနေပြီး အကယ်၍ယူနိုက်တက်ကိုသာ ရွေးချယ်မယ်ဆိုရင် လာမယ့် ၂ နှစ် ၃ နှစ်အတွင်း ဖလားရရှိဖို့ အာမခံချက်မရရှိတာကြောင့် ငွေကြေးအရပဲ ရွေးချယ်မှုဖြစ်မယ်လို့ ပေါ်မာဆင်က ဆိုပါတယ်။  လတ်တလောသတင်းတွေအရဆိုရင်တော့ ယူနိုက်တက်ဟာ တရာသီအတွင်း သွင်းဂိုး ၂၀ ကနေ ၂၅ ဂိုးထိ သွင်းယူပေးနိုင်တဲ့ တိုက်စစ်မှူးတဦးကို အပူတပြင်းရှာဖွေနေတယ်လို့သိရပါတယ်။ ဂါဘွန်းတိုက်စစ်မှူးကတော့ အာဆင်နယ်အသင်းနဲ့ ၂၀၂၁ ခုနှစ် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ဘာစီလိုနာနဲ့အင်တာမီလန်အသင်းတို့က ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ 
2 years Ago
Up