မန်ချက်စတာယူနိုက်တက်အသင်းဟာ ကြိုတင်လက်မှတ်ဝယ်ယူထားတဲ့ ပရိသတ်တွေကို ငွေပြန်အမ်းသွားတော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲက ပြီးဆုံးဖို့ ၉ ပွဲ ကျန်သေးပြီး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် လက်ကျန်ပွဲစဉ်တွေမှာ ကွင်းပိတ်ကျင်းပဖို့ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ကြိုတင်လက်မှတ်ဝယ်ယူထားတဲ့ ပရိသတ်တွေကို မန်ယူအသင်းက ငွေပြန်အမ်းပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တခြားရွေးချယ်စရာတခုအနေနဲ့ လာမယ့်ဘောလုံးရာသီအတွက် လက်မှတ်တွေကိုလည်း လျှော့ဈေးနဲ့ ဝယ်ယူခွင့်ရအောင် စီစဉ်ပေးမယ်လို့ သိရပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ငွေပြန်အမ်းမယ့် ထုတ်ပြန်ချက်ကို မတ် ၂၇ ရက်က တရားဝင် သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
11 months Ago