ငွေနှင့်ဆန် လှူဒါန်း

September 25, 2020

ခန့်စည်သူနှင့် မေတ္တာသင်္ဂဟအဖွဲ့ အောင်ဆန်းတီဘီဆေးရုံကို ငွေနှင့်ဆန် လှူဒါန်း

       နာမည်ကြီး သရုပ်ဆောင်မင်းသာ ခန့်စည်သူဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့က ကိုဗစ်-၁၉ ကာလ ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီးကို ငွေ ကျပ် ၁၅ သိန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။        ဒီလှူဒါန်းမှုမှာတော့ ငွေသားအလှူနဲ့အတူ ဆေးရုံကြီးမှာ Home Lock down ဖြစ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ Covid-19 Positive ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေအတွက် လို အပ်တဲ့ ဆန် ၁၀ အိတ်၊ ပုဆိုးအထည် ၁၀၀ တို့ကိုပါ လှူဒါန်းခဲ့တာပါ။        ခန့်စည်သူဟာ အနုပညာလောကထဲမှာ ဆယ်စုနှစ်နဲ့ချီ ဖြတ်သန်းလာခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ်တုန်းက အများနဲ့မသက်ဆိုင်သောသူ ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုး သားဇာတ်ဆောင် အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။ အလှူအတန်းရက်ရောပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း တက်တက်ကြွကြွ လုပ်ဆောင်လေ့ရှိတဲ့ ခန့်စည်သူဟာ လက်ရှိမှာတော့ မေတ္တာသင်္ဂဟအဖွဲ့နဲ့အတူ လှူဒါန်းမှုတွေ လုပ်ဆောင်နေတာပါ။        မေတ္တာသင်္ဂဟအဖွဲ့ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သရုပ်ဆောင် ခန့်စည်သူ အပါအဝင် ရုပ်ရှင်၊ ဂီတနယ်ပယ်က အနုပညာရှင်တွေရော ပြင်ပကလုပ်ငန်းရှင်တွေပါ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဖွဲ့အနေနဲ့ လက်ရှိအချိန်ထိ ဖြတ်သန်းခဲ့တဲ့ ၁၀ စုနှစ်တခုနီးပါးကာလအတွင်းမှာ  ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးကိစ္စတွေမှာ လိုအပ်တဲ့ တထောင့်တနေရာက လှူဒါန်းကူညီနေတာဖြစ်ပြီး လတ်တလော ကိုဗစ်-၁၉ ကပ် ဘေးကာလမှာလည်း ပရဟိတအလှူတွေအနေနဲ့ လှူဒါန်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။  
8 months Ago
Up