ငွေနှင့်စားသုံးကုန်များ ထောက်ပံ့

March 5, 2021

ခင်ဦးမြို့က လစာမရသည့် CDM ဝန်ထမ်း ၁၉၇ ဦးကို ငွေနှင့်စားသုံးကုန်များ ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှာ မတ်လ ၅ ရက်နေ့က လစာမရတဲ့ CDM ဌာနဆိုင်ရာ ဝန်ထမ်း ၁၉၇ ဦးကို တစ်ဦး ၅ သောင်းကျပ်နှုန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဆန်၊ ဆား၊ ကြက်သွန်နီ၊ ကြက်ဥ၊ ခရမ်းသီး၊ ခရမ်းချဥ်သီး၊ ကင်းဗုံသီး၊ ​ပြောင်းဖူး၊ ခရမ်းသီးခြောက်၊ အာလူး၊ ပန်းမုံလာ၊ မုံလာထုပ်၊ ဂေါ်ဖီစိမ်း၊ ဘိလပ်ချဥ်ပေါင်၊  နှင်းချဥ်ပေါင်၊  ကြက်သွန်ဖြူ၊ ရွှေဖရုံသီး၊ ဖရဲသီး၊ ငရုပ်သီး၊ မျှစ်၊ ငါးပိရည်၊ ပဲနီ၊ သံပုရာသီး၊ ဘူးသီး၊ မားမား၊ ဆပ်ပြာမှုန့်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီခြောက် စတဲ့ အခြေခံစားသောက်ကုန်တွေကိုလည်း လွယ်လွယ်ကူကူနဲ့ လိုသ‌လောက်ယူဆောင်နိုင်အောင် စီစဉ်ထားတယ်လို့ ခင်ဦးမြို့နယ် CDM ဝန်ထမ်းများကူညီထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

အောင်စံလင်း

2 years Ago
Up