ငွေတောင်း

June 4, 2021

ဘိုကလေးမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ စစ်တပ်နှင့်ပေါင်းပြီး ခြိမ်းခြောက် ငွေတောင်း

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ ပူးပေါင်းကာ ရွာသားတွေဆီက ခြိမ်းခြောက်ငွေတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းကကုန်းကျေးရွာအုပ်ချုပ်ရေးမှူး လှမျိုးဦးက စစ်တပ်ကတပ်ကြပ်ကြီးအဆင့် စစ်သားတစ်ဦးကို  ရွာခေါ်လာကာ ခြိမ်းခြောက်ငွေတောင်းခံနေတာဖြစ်ပြီး ငွေကြေးတတ်နိုင်တဲ့အိမ်တွေဆိုရင် ကျပ် ၁ သိန်းကနေ ၅ သိန်းကြား တောင်ယူလေ့ရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။

" ဆန္ဒပြပွဲတွေမှာ လိုက်မိတဲ့ လူတွေကို အဖမ်းမခံချင်ရင် ပိုက်ဆံ ပေးရမယ်ဆိုပြီး ပြောတယ်။ မပေးနိုင်ရင် အမှုဖွင့်ပြီး ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေလုပ်တယ်''လို့ ဒေသခံတွေက ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ Comment ရေးမိတာကအစလိုက်ပြီး ပုဒ်မ ၅၀၅ က၊ ခ နဲ့ အမှုဖွင့်လို့ရတယ်ဆိုပြီး ခြိမ်းခြောက်ငွေတောင်းတာတွေကြောင့် မပေးနိုင်တဲ့ ရွာသားအချို့က ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

5 months Ago

March 23, 2020

မှုခင်းသတင်းထောက် ငွေတောင်းကြောင်း နယ်လုံဝန်ကြီးထံ တိုင်ကြားသူကို ခေါ်စစ်

ဧရာဝတီတိုင်း  ဝါးခယ်မမြို့နယ်က ကျေးရွာတွေမှာ ရွာသားတွေဆီက ငွေတောင်းခံခဲ့တဲ့ မှုခင်းသတင်းထောက်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံ တိုင်ကြားသူကို မတ် ၂၂ ရက်မှာ ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ကာယကံရှင်က ပြောပါတယ်။

"အဓိကတော့ သစ်လုပ်ငန်းလုပ်ကိုင်တာရှိလား၊ တရားလိုအနေနဲ့ခေါ်မေးတာမဟုတ်ဘဲ ငွေတောင်းတာ ဟုတ်၊ ဟုတ် သိဖို့ ခေါ်မေးတာလို့ပြောပါတယ်။ ပြီးတော့ ဘာရည်ရွယ်ချက်နဲ့ တိုင်တာလည်း ဆိုတာ မေးပါတယ်" လို့ မှုခင်းသတင်းထောက်ငွေတောင်းခံမှုကို တိုင်ကြားခဲ့တဲ့ ကိုမျိုးထက်က  ပြောပါတယ်။

ရဲစခန်းကို လာရောက်ဖို့ မတ်လ ၂၀ ရက်ကစာနဲ့ အကြောင်းကြားလာခဲ့ပြီး ရဲစခန်းကို သွားချိန် ဒုရဲအုပ်မြတ်ဆွေက သစ်လုပ်ငန်းလုပ်ကိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့ပြီး ဝါးခယ်မမြို့မ ရဲစခန်းမှူးကတော့ တိုင်စာနဲ့ပတ်သက်ပြီး ရည်ရွယ်ချက်ကို မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

မှုခင်းသတင်းထောက် ငွေတောင်းမှုနဲ့ပတ်သက်လို့ မြဂိုးကြီးကျေးရွာနေ ကိုမျိုးထက်က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံ မတ်လ ၃ ရက် ရက်စွဲပါ စာနဲ့ အသနားခံတင်ပြခဲ့တာကြောင့် တိုင်းရဲတပ်ဖွဲ့ကို စိစစ်တင်ပြဖို့ ဝန်ကြီးကိုယ်တိုင်လက်မှတ်ထိုးထားတဲ့စာနဲ့အတူ တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့တာပါ။

 

အလားတူ ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းတာမလုပ်ခင် ရက်ပိုင်းအတွင်း မြောင်းမြသစ်တောဦး စီးဌာနက ဝန်ထမ်းတွေ ကိုမျိုးထက်ဆီရောက်လာပြီး သစ်လုပ်ငန်းလုပ်ကိုင်တာ ရှိ၊မရှိနဲ့ တိုင်စာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

မင်းထက်မုန်း (ပုသိမ်)

2 years Ago
Up