ငွေကြေးအခက်အခဲ

March 23, 2020

ငွေကြေးအခက်အခဲ ဖြေရှင်းရန် ဂရစ်မန်းကို ဘာစီလိုနာက ထုတ်ရောင်းမည်

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ငွေကြေးဆိုင်ရာအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ရာသီ အစကမှ ပေါင် ၁၀၈ သန်းနဲ့ခေါ်ယူခဲ့တဲ့ ဂရစ်ဇ်မန်းကို ထုတ်ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကြေး အမြောက်အမြားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခြင်း မရှိပေမယ့် ကစားပေးထားခဲ့တဲ့ ၃၇ ပွဲမှာ ၁၄ ဂိုး သွင်းယူပေးထားပါတယ်။  ပြင်သစ် လက်ရွေးစင်တိုက်စစ်မှူး ဂရစ်ဇ်မန်းအတွက်ကိုတော့ ဘာစီလိုနာအသင်းက ပေါင် ၉၂ သန်းထက်မနည်း လိုချင်နေပြီး ပီအက်စ်ဂျီအသင်းက နေမာနဲ့ အင်တာမီလန်အသင်းက မာတီနက်ဇ်ကို ခေါ်ယူမှုတို့မှာ အသုံးချသွားဖွယ် ရှိနေပါတယ်။  ဂရစ်ဇ်မန်းကိုတော့ ပီအက်စ်ဂျီ၊ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
2 years Ago
Up