ငွေကြေးတောင့်တင်း

A d v e r t i s e m e n t With Us

April 9, 2020

ကစားသမားများ ခေါ်ယူရန် ငွေကြေးတောင့်တင်းဟု မန်ယူနည်းပြဆိုးလ်ရှား ပြော

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုတွေ ရှိပေမဲ့ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်မှာ လိုအပ်သလို ငွေကြေးအသုံးပြုနိုင်တယ်လို့ မန်ယူနိုက်တက် နည်းပြဆိုးလ်ရှားက ပြောပါတယ်။ ဘောလုံးပွဲတွေ ပြန်လည်စတင်နိုင်ဖို့က အချက်တချက်ဖြစ်ပေမယ့် အဲဒီအချိန်မှာ အဆင်သင့်ဖြစ်နေဖို့က အရေးကြီးကြောင်း၊ အရာအားလုံးမှာ အကောင်းဆုံး ဖြစ်ချင်တာကြောင့် နည်းပြအဖွဲ့တွေ၊ ကစားသမားတွေနဲ့ အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။ မန်ယူနိုက်တက်အသင်းအနေနဲ့ ဘဏ္ဍာရေးပိုင်းမှာလည်း တောင့်တင်းနေဆဲ ဖြစ်တာကြောင့် လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူသွားမယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  မန်ယူအသင်းဟာ ဒေါ့မွန်ကစားသမား ဆန်ချိုနဲ့ အက်စတွန်ဗီလာအသင်း ခေါင်းဆောင် ဂျက်ဂရီးလစ်ချ်တို့ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
11 months Ago
Up